တောင်ကိုရီးယားနာမည်ကျော်အမျိုးသားအဆိုတော်အဖွဲ့ BTS ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ Jin သည် ရွေးချယ်ထားသောပရိသတ်အဖွဲ့တစ်ဖွဲ့ကို အထူးအပန်းဖြေပန်းခြံအစီအစဉ်တစ်ခုဖြင့် အံ့အားသင့်အောင်လုပ်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။
Jin က ၎င်းသည် ‘Merry Run Around’ ခေါင်းစဉ်ဖြင့် အထူးပရိသတ်ပွဲတစ်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ(၁၁)ရက် နံနက်(၁၁)နာရီအချိန်အတွင် Weverse ပလက်ဖောင်းမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
‘Merry Run Around’ ပွဲကို နိုဝင်ဘာ လ(၂၄)ရက်တွင် ဆိုးလ်မြို့ Songpa-gu ခရိုင် Lotte World ပန်းခြံတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် အဆိုပါပွဲကို ပန်းခြံမဖွင့်မီ သီးသန့်ကျင်းပသွားမည်ဖြစ် ကြောင်းလည်းသိရသည်။ ယင်းပွဲ၏နေရာကို နိုဝင်ဘာလ(၁၅)ရက်တွင် ထွက်ရှိလာမည့် Jin ၏ ‘Happy’ အယ်လ်ဘမ်၏ အဓိကအယူအဆနှင့် ကိုက်ညီစေမည့်နေရာကို ရွေးချယ်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
Jin ၏ အေဂျင်စီဖြစ်သည့် Big Hit Music က “ဒီပွဲကို Jin ရဲ့စိတ်ကူးတွေအပေါ် အခြေခံပြီးစီစဉ်ခဲ့တာပါ။ ဒါဟာ Jin နဲ့ပရိသတ်တွေကြားမှာ ဆက်သွယ်မှုတွေ ပိုမိုရှိလာစေမဲ့ ထူးခြားတဲ့အတွေ့အကြုံတစ်ခုဖြစ်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု ပြောဆိုခဲ့သည်။

ထို့ပြင် Jin သည် မကြာသေးမီအချိန်အတွင်း ပရိသတ်များက အကြံပြုထားသော အမျိုးမျိုးသောရှိုးပွဲများတွင်ပါဝင်ခဲ့ပြီး ပရိသတ်များကို ပျော်ရွှင်အောင် ဖျော်ဖြေမှုများလုပ် ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ Jin က”ကျွန်တော့်ကို အမြဲတမ်းချစ်ပေးနေကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေကို ပျော်ရွှင်အောင်လုပ်ပေးတာက ကျွန်တော့်ရဲ့အလုပ်ပါ”ဟု ပြောဆိုခဲ့သည်။
Source : allkpop.com
#Jin #BTS #MerryRunAround #Kpop #ပရိသတ်ပွဲ #LotteWorld #BigHitMusic #ဆိုးလ်ပွဲများ
#Kpopပရိသတ် #HappyAlbum