ယမန်နေ့(တနင်္ဂနွေနေ့)၊ နာပိုလီနဲ့ရင်ဆိုင်ရမဲ့ စီးရီးအေအရေးကြီးပွဲစဉ်အတွက် မာရာဒိုနာကွင်းကြီးဆီသို့ ချဉ်းကပ်လာချိန် ဂျူဗင်တပ်စ်အသင်းဘတ်စ်ကားကို ကျောက်ခဲများဖြင့် ပစ်ပေါက်တိုက်ခိုက်တဲ့ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပါတယ်။ အခုပွဲစဉ်က ဂျူဗင်တပ်စ်နည်းပြစပယ်လက်တီအတွက် နှစ်နှစ်တာကာလအပြီး ကလပ်အသင်းဟောင်းဆီသို့ တကျော့ပြန်ရောက်ရှိလာတဲ့ အခိုက်အတန့်လည်း ဖြစ်ပါတယ်။
ပွဲနေ့မတိုင်ခင်အထိ အခြေချဟိုတယ်ပြောင်းရွှေ့ခြင်းအပါအဝင် ရန်လိုမှုရှောင်ကွင်းနိုင်မဲ့နည်းလမ်းတွေကို အသုံးပြုခဲ့ပေမဲ့ ဂျူဗင်တပ်စ်အတွက် အားကစားကွင်းဆီသွားရောက်ရာလမ်းမှာ ရန်လိုမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ စပယ်လက်တီက ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ နာပိုလီအသင်းကို ဦးဆောင်ခဲ့ပြီး နှစ်ပေါင်း ၃၀ ကျော်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ စီးရီးအေချန်ပီယံဆုကို ကလပ်အသင်းဆီ ယူဆောင်ပေးခဲ့ပါတယ်။
ဒီအောင်ပွဲအပြီး အသင်းမှထွက်ခွာလာခဲ့တဲ့ စပယ်လက်တီက နောက်ပိုင်းမှာ အီတလီလက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့သလို လက်ရှိမှာလည်း ဂျူဗင်တပ်စ်ကို ဦးဆောင်ပေးနေပါတယ်။ DAGN သတင်းဌာနရဲ့အဆိုအရ ကျောက်ခဲတွေကြောင့် ဘတ်စ်ကားမှန်တွေ ကွဲကြေသွားပေမဲ့ ကစားသမားတွေ ထိခိုက်ဒဏ်ရာမရရှိဘူးလို့ သိရပါတယ်။
Source : www.goal.com
.




