“KPop Demon Hunters” ရဲ့တေးသီချင်းအယ်လ်ဘမ် Billboard 200 chart မှာ No.1 ချိတ်

KPop Demon Hunters ရဲ့တေးသီချင်းအယ်လ်ဘမ်

စက်တင်ဘာ ၁၄ ရက်မှာ Netflix ရဲ့နာမည်ကြီး Animation ရုပ်ရှင် “KPop Demon Hunters” ရဲ့တေးသွားအယ်လ် ဘမ်ဟာ အကျော်ကြားဆုံး Billboard 200 သီချင်းစာရင်းမှာ နံပါတ် ၁ နေရာ ရောက်ရှိလာခဲ့ပါတယ်။

ဒါအပြင် ထူးခြားမှုကတော့ KPop Demon Hunters အယ်လ်ဘမ်ဟာ Billboard 200 မှာ နံပါတ် ၂ နေရာ ကို သီတင်း ခုနစ်ပတ်ဆက်တိုက်ရရှိခဲ့ပြီးနောက် နောက်ဆုံးမှာ နံပါတ် ၂ နေရာက ပြုတ်ကျသွားတာမျိုးမဟုတ်ဘဲ နံပါတ် ၁ နေရာကို ခုန်တက် ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

ဒီလိုဖြစ်ရပ်မျိုးဟာ ၁၉၇၇ ခုနှစ်က လင်ဒါရွန်စတန့် ရဲ့ “Simple Dreams” သီချင်းပြီးနောက်ပိုင်း ပထမဆုံးဖြစ်ရပ်လို့ ဆိုကြပါတယ်။
ဒါတင်မက KPop Demon Hunters” ဟာ Disney ရဲ့ ၂၀၂၁ ခုနှစ် Animation ဇာတ်ကား “Encanto” နောက်ပိုင်း Billboard 200 မှာ ထိပ်ဆုံး နေရာရောက်ရှိတဲ့ ပထမဆုံး animation တေးသွားလည်း ဖြစ်ပါတယ်။

Source : billboard.com

Leave a Reply

Your email address will not be published. Required fields are marked *