စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အရမ်းပျော်နေတယ်လို့ ဘာပေ ပြောကြား
ရီးရဲလ်မက်ဒရစ်စတား အမ်ဘာပေက မိမိအနေနဲ့ အသင်းမှာပြသနေတဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အရမ်းပျော်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
အသက် ၂၅ နှစ်သားဟာ အခုနွေရာသီအစောပိုင်းတုန်းက ပီအက်စ်ဂျီကနေ ရီးရဲလ်အသင်းထံပြောင်းလာခဲ့တာဖြစ်ပြီး ၅ ပွဲမှာ ၃ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။
စူပါဖလားပြိုင်ပွဲအဖြစ် အတ္တလန္တာနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပေမဲ့လည်း ဘာပေအနေနဲ့ ရီးရဲလ်အသင်းမှာ အစနှေးနေတဲ့အပေါ် အချို့တွေက ဝေဖန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ပြင်သစ်သားကတော့ ဘယ်လိုဝေဖန်မှုမျိုးကိုမဆို စိတ်မဝင်စားဘဲ လက်ရှိစွမ်းဆောင်ရည်ကိုပဲ ကျေနပ်မိတယ်လို့ ပြောကြားလိုက်ပါတယ်။
“ကျွန်တော် ဝေဖန်မှုတွေကို စိတ်မဝင်စားပါဘူး။ ဘာကိုမှ သတိမထားမိပါဘူး။ ကျွန်တော်ဆက်ကစားဖို့ပဲ စဉ်းစားထားပါတယ်။ လူတိုင်းကိုတော့ ကျေနပ်အောင်လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။
ကျွန်တော်မက်ဒရစ်မှာ အကောင်းဆုံးလုပ်ဆောင်နေသလို လက်ရှိစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးလည်း အရမ်းပျော်ပါတယ်။ ကျွန်တော်တို့ ဆုဖလားအောင်မြင်မှုရယူထားနိုင်ခဲ့ပြီးပါပြီ။
အဲ့တာက ပိုကောင်းလာဦးမှာပါ။ အရာအားလုံးက အဆင်ပြေပြေဖြစ်နေပါတယ်”လို့ ဘာပေက ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီမှာတုန်းကနဲ့မတူတာက ပြင်သစ်သားဟာ တိုက်စစ်နေရာမှာကစားနေရတာဖြစ်ပြီး ရီးရဲလ်အသင်းဖော်တွေနဲ့အတူ ဒီရာသီမှာဂိုးတွေအများကြီးသွင်းယူနိုင်ချေရှိနေပါတယ်။
မိုနာကိုစတားဟောင်းဟာ အခုလထဲမှာ ရီးရဲလ်အသင်းထံပြန်လာမှာဖြစ်ပြီး လက်ရှိမှာတော့ ပြင်သစ်အသင်းနဲ့အတူ နေးရှင်းလိဂ်ကန်ဖို့ ပူးပေါင်းနေပြီဖြစ်ပါတယ်။
Source: sports.yahoo.com
#xda77 #xda77digital #ရီးရဲလ်မက်ဒရစ် #အမ်ဘာပေ