တစ်နှစ်တာအကောင်းဆုံး အမျိုးသားသရုပ်ဆောင်အသစ်ဆု ရရှိခဲ့တဲ့ လီဒိုဟွန်း

လီဒိုဟွန်း

မေလ ၂၀ ရက်က Directors Guild of Korea (DGK) မှ ကျင်းပပြုလုပ်ခဲ့တဲ့ ’23rd Directors Cut Awards’ ဆုပေးပွဲမှာ သရုပ်ဆောင် လီဒိုဟွန်းက ‘တစ်နှစ်တာ အကောင်းဆုံး သရုပ်ဆောင်သစ်’ ဆု ရရှိခဲ့ပါတယ်။
ဒါဟာ လီဒိုဟွန်းအတွက် စစ်မှုထမ်းတာဝန်ပြီးစီးပြီးတဲ့နောက် ပထမဆုံးရရှိတဲ့ဆုလည်း ဖြစ်ပါတယ်။

ဆုပေးပွဲကို ဒါရိုက်တာ ကင်ချိုဟီး၊ ဘန်မန်ဒဲတို့က ရုပ်ရှင်နဲ့ပတ်သက်ပြီး အမျိုးအစား ၁၃ ခုအတွက် ဆုတွေပေးအပ်ခဲ့တာဖြစ်ပြီး လီဒိုဟွန်းက ‘Exhuma‘ ဇာတ်ကားမှာ ဘွန်ဂီ ဇာတ်ကောင်နဲ့ တစ်နှစ်တာအကောင်းဆုံး အမျိုးသားသရုပ်ဆောင်သစ်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ Exhuma ဇာတ်ကားနဲ့ပဲ မင်းသမီးကင်ဂိုအွန်းက အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆု၊ ဒါရိုက်တာ ဂျောင်ဂျေဟွန်းက အကောင်းဆုံးဒါရိုက်တာဆုနဲ့ အကောင်းဆုံးဇာတ်ညွှန်းတွေလည်း ဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ Directors’ Cut Awards တွေ ကို Korea Directors Guild အဖွဲ့ဝင်တွေက တိုက်ရိုက်မဲပေး ဆုံးဖြတ်ကြတာဖြစ်ပါတယ်။

လီဒိုဟွန်း ဟာ ဆိုးလ်မြို့ရှိ Sungshin Women’s University Woonjung Green Campus မှာ ‘RE: Lee Do Hyun’ ‘RE: Lee Do Hyun’ ဆိုတဲ့ သူ့ရဲ့ အာရှပရိသတ်တွေ့ဆုံပွဲ ခရီးစဉ်ကိုစတင်ဦးမှာဖြစ်ပြီး အဲဒီနောက် ဂျကာတာ၊ အိုဆာကာ၊ တိုကျို၊ တိုင်ပေ၊ ဘန်ကောက်၊ ဟောင်ကောင်နဲ့ မနီလာအပါအဝင် အခြားမြို့ (၈) မြို့မှာလည်း ပရိသတ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံဦးမယ်လို့ဆိုပါတယ်။

ဆုရရှိတဲ့ လီဒိုဟွန်း

Source : allkpop.com

Leave a Reply

Your email address will not be published. Required fields are marked *