ကစားသမားသစ်တွေအပေါ် အများကြီးမျှော်လင့်ထားတဲ့ ချဲလ်ဆီးစတား ‘ကိုဝဲလ်’

ချဲလ်ဆီးစတား 'ကိုဝဲလ်'

ချဲလ်ဆီးစတား ကိုဝဲလ်က အသင်းကစားသမားသစ် ၂ ဦးဖြစ်တဲ့ ဒီလပ် နဲ့ ပက်ဒရိုတို့အပေါ် အများကြီးမျှော်လင့်ထားမိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးဟာ ပက်ဒရိုကို မခေါ်ယူနိုင်ခင်မှာ အစ်ဝှစ်စတား ဒီလပ်ကိုခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ကိုဝဲလ်က ချဲလ်ဆီးအသင်းနဲ့အတူ အမေရိကမြေမှာ ကလပ်ကမ္ဘာ့ဖလားပါဝင်ဆင်နွှဲနေတာဖြစ်ပါတယ်။ အဆိုပါကလပ်ကမ္ဘာ့ဖလား ၄ ပွဲမှာ ကိုဝဲလ်က ၃ ပွဲကို ပါဝင်ခွင့်ရရှိထားကာ ချဲလ်ဆီးအသင်းလူစာရင်းမှာ လူငယ်ကစားသမားတွေများလာတဲ့အပေါ် မျှော်လင့်ချက်ကြီးမားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ဒီအသင်းက ဘယ်လောက်ကြီးမားလဲဆိုတာရယ် ၊ အမြဲတမ်းအောင်မြင်မှုရယူနိုင်ဖို့အတွက် ဘယ်လိုယဉ်ကျေးမှုရှိလဲဆိုတာရယ် အားလုံးသိပါတယ်။ ကျွန်တော်တို့ လူငယ်တွေအသင်းမှာပိုများလာသလို ကစားသမားသစ်တွေလည်း ရောက်လာနေပါတယ်။ ဒီအသင်းက အနိုင်ရဖို့တစ်ခုတည်းပါ။ အဲ့တာက ကျွန်တော်တို့ လိုအပ်တဲ့တစ်ခုတည်းသောအရာပါ။ ကျွန်တော်တို့အတူတူလျှောက်လှမ်းဖို့ လိုအပ်ပါတယ်။ လူတိုင်းက ချဲလ်ဆီးသမိုင်းကြောင်းကိုသိပါတယ်။

ကျွန်တော်တို့ ဒီကိုအနိုင်ရဖို့လာတယ်ဆိုတာကို သိပါတယ်။ ကျွန်တော်တို့မှာ တောင့်တင်းတဲ့အသင်းရှိနေသလို အသင်းကလူတိုင်းကလည်း အနိုင်ရဖို့ကြိုးစားချင်ကြပါတယ်။ ပရိသတ်ကလည်း အဓိကမောင်းနှင်အားတစ်ခုပါ။ ကျွန်တော်တို့ကစားချိန်မှာ သူတို့အားပေးမှု ကို ကျွန်တော်တို့ ခံစားရပါတယ်။ သူတို့ဘာလိုချင်လဲဆိုတာကို ကျွန်တော်တို့သိပါတယ်။ အဲ့တာက အနိုင်ရဖို့ပါ။

အဲ့တာကို ကျွန်တော်တို့မမေ့ဖို့လိုအပ်ပါတယ်။ သူတို့က အသင်းအနိုင်ရအောင် တွန်းအားပေးပါတယ်။ ကျွန်တော်တို့ ဆက်သွားနိုင်သမျှ အခုပြိုင်ပွဲကလည်း အံ့ဖွယ်ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ အားလပ်ရက်အကြောင်းမတွေးနိုင်သေးပါဘူး”လို့ ကိုဝဲလ်က ပြောကြားခဲ့ပါတယ်။ ဒီလပ်ဟာ မနှစ်ကရာသီတုန်းက အစ်ဝှစ်အတွက် ၁၂ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး ကလပ်ကမ္ဘာ့ဖလား ၄ ပွဲမှာတော့ ၁ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ပက်ဒရိုကတော့ မကြာသေးခင်က ချဲလ်ဆီးအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ကျောနံပတ် ၂၀ ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။

Source : www.goal.com

Leave a Reply

Your email address will not be published. Required fields are marked *