လီဗာပူးနည်းပြ စလော့က မိမိတို့အသင်းဟာ ကပ်ပြီးအရေးနိမ့်ခဲ့တာဖြစ်တယ်လို့ ယုံကြည်နေပြီး အသင်းအနေနဲ့ ဆုံးဖြတ်ချက်အပိုင်းမှာ တိုးတက်ဖို့ လိုအပ်နေသေးတယ်လို့ ယုံကြည်နေပါတယ်။
ပွဲကစားချိန် ၉၅ မိနစ်မှာ ချဲလ်ဆီးအတွက် အနိုင်ဂိုးကို လူစားဝင်ကစားသမား အက်စတီဗာအိုက သွင်းယူပေးနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးကိုအရေးနိမ့်ပြီးနောက် စလော့အတွက် ပထမဆုံးအကြိမ် ၃ ပွဲဆက်အရေးနိမ့်တာဖြစ်လာခဲ့ပါတယ်။ “ပြီးခဲ့တဲ့ရာသီတုန်းကနည်းတူ ချဲလ်ဆီးကို အရေးနိမ့်ခဲ့ပြန်ပါပြီ။ စတန်းဖို့ဒ်ဘရစ်ချ်က အမြဲတမ်းခက်ခဲပါတယ်။ ကျွန်တော်တို့လိုချင်တဲ့ရလဒ်ရဖို့ အရမ်းနီးစပ်ခဲ့တာပါ။ အနည်းငယ်လေးပဲလိုအပ်ခဲ့တာပါ။
ဂါလာတာစာရေးနဲ့ပွဲက ကျွန်တော်ပြောသလို ကျွန်တော်တို့ တစ်ဦးချင်းအနေအထားရှိခဲ့ပါတယ်။ အဲ့နောက် သူတို့ ပင်နယ်တီရခဲ့ပါတယ်။ ကျွန်တော်တို့ အချိန်ပိုမှာဂိုးပေးလိုက်ရပါတယ်။ ပဲလေ့စ်နဲ့ပွဲတုန်းကလိုပါပဲ။ ဒီနေ့မှာလည်း သူတို့အနိုင်ဂိုးထပ်မံရယူနိုင်ခဲ့ပြန်ပါပြီ။ ၁-၁ ဖြစ်ပြီးချိန်မှာ ကျွန်တော်ဒုတိယဂိုးသွင်းယူနိုင်ဖို့ စောင့်ဆိုင်းနေခဲ့တာပါ။ ဆုံးဖြတ်ချက်အပိုင်းတိုးတက်လာဖို့ လိုအပ်ပါသေးတယ်။
နောက်ဆုံး ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက်က အဆုံးသတ်ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ သူတို့ဧရိယာထဲရောက်ခဲ့ပေမဲ့ ဘောလုံးကိုမထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ နောက်တစ်ကြိမ်ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ ထပ်အရေးနိမ့်ခဲ့ပြန်ပါပြီ။ ပြီးခဲ့တဲ့အပတ်တုန်းကလည်း ခက်ခဲတဲ့အဝေးကွင်းဖြစ်ခဲ့သလို အခုလည်း အတူတူပါပဲ”လို့ စလော့က ပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ အခုလိုမျိုးနောက်ကျဂိုးတွေနဲ့ အရေးနိမ့်ခဲ့တာက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ၅ သင်းမြောက်ဖြစ်လာခဲ့ပါတယ်။ ချဲလ်ဆီးကိုအရေးနိမ့်ပြီးနောက် လီဗာပူးဟာ အမှတ်ပေးဇယားဒုတိယနေရာအထိ ကျဆင်းခဲ့ရပါတယ်။ “ကိုနာတေးအခြေအနေက ကြီးမားတဲ့ဒဏ်ရာလားဆိုတာ ကျွန်တော်မသိရသေးပါဘူး။ ဒါပေမဲ့ သူအနည်းငယ်ဒဏ်ရာရခဲ့တာတော့ ကျွန်တော်သိပါတယ်။ ကျွန်တော့်အတွက်တော့ အချက်ပေးသံတွေဖြစ်လာနေပါပြီ။
ဘာလို့လဲဆိုတော့ နောက်ထပ်ဘယ်လောက်နားရမလဲဆိုတာမသိနိုင်သေးလို့ပါ။ ကျွန်တော့်စိတ်ထဲမှာ လူစားလဲဖို့ရှိပြီးသားပါ။ မိနစ်အနည်းငယ်လောက်နောက်ကျခဲ့တာပါ။ ဘာလို့လဲဆိုတော့ ညာနောက်ခံလူက ဘောလုံးအများကြီးရနေတာကြောင့်ပါ။ ကျွန်တော်တို့ အဲ့နေရာကနေ ဖန်တီးနိုင်ဖို့ လိုအပ်ခဲ့ပါတယ်။
ဂရာဗန်ဘာ့ဂျ်လည်း ဒီနေ့မှာ စွမ်းဆောင်ရည်ကောင်းခဲ့ပါတယ်။ သူ့ကိုလူစားလဲလိုက်ရတာ အဆင်ပြေတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အခြေအနေတော့မသိရသေးပါဘူး”လို့ ကိုနာတေးအခြေအနေကို စလော့က ပြောကြားခဲ့ပါတယ်။
Source : espn.com.sg