မန်ချက်စတာစီးတီးဟာ ယူအီးအက်ဖ်အေ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီဖို့အတွက် ယခုနွေရာသီအပြောင်းအရွှေ့ကာလအအတွင်း ဈေးကွက်မပိတ်သိမ်းမီ အသင်းမှ ကစားသမား ၅ ဦးအထိ ရောင်းချသွားဖို့ လိုအပ်နေတယ်လို့သိရပါတယ်။
The Mirror သတင်းဌာနရဲ့အဆိုအရ မန်စီးတီးဟာ ပရီးမီးယားလိဂ်စည်းမျဉ်းတွေအရတော့ အသင်းမှ ကစားသမား ၁ ဦးသာ ရောင်းချဖို့ လိုအပ်မှာဖြစ်ပေမဲ့ ယူအီးအက်ဖ်အေစည်းမျဉ်းတွေအရဆိုရင်တော့ ၅ ဦးအထိ ရောင်းချသွားဖို့လိုအပ်မှာဖြစ်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်က လာမဲ့စက်တင်ဘာလ ၁ ရက်နေ့မှာပိတ်သိမ်းမှာဖြစ်လို့ မန်စီးတီးအနေနဲ့ ကစားသမားတွေကိုရောင်းချဖို့ ၃ ပတ်အထိ အချိန်ရနေပါသေးတယ်။
ယခုနွေရာသီအတွင်း မန်စီးတီးမှရောင်းချသွားမဲ့ ကစားသမား ၅ ဦးစာရင်းထဲမှာ ဂျက်ခ်ဂရီးလစ်ရှ်၊ ဂျိမ်းစ်မက်တီး၊ ကယ်လ်ဗင်ဖီးလစ်နဲ့ ဂိုးသမား စတီဖန်အော်တီဂါတို့ ပါဝင်နေတယ်လို့ ယူရပါတယ်။ ဂရီးလစ်ရှ်အနေနဲ့ ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် အဲဗာတန်သို့ပြောင်းရွှေ့ဖို့ နီးစပ်နေသလို၊ မက်တီးကိုတော့ ပရီးမီးယားလိဂ်ကလပ်တွေအပါအဝင် ဘွန်ဒက်စ်လီဂါကလပ်တွေကပါ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ အော်တီဂါကတော့ ဂျာမနီသို့ပြောင်းရွှေ့သွားဖွယ်ရှိပြီး ဖီးလစ်ကတော့ အသင်းဟောင်း လိဒ်နဲ့ချိတ်ဆက်သွားနိုင်တယ်လို့ဆိုပါတယ်။
ယူအီးအက်ဖ်အေစည်းမျည်းအရ မန်စီးတီးအနေနဲ့ အသင်းမှကစားသမားတွေကို အငှားနဲ့ထွက်ခွာခွင့်ပြုလို့လည်း ရနေတာကြောင့် ကလော်ဒီယိုအီချီဗာရီ၊ ဗစ်တာရီးစ်နဲ့ ဆဗီယာနီပန်တို့ကို အငှားချသွားမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လက်ရှိ မန်စီးတီးရဲ့ ပထမအသင်းစာရင်းထဲမှာ ကစားသမား ၃၂ ယောက်ရှိနေပြီး အဆိုပါကစားသမားတွေထဲမှာ ဂွါဒီယိုလာစိတ်ကြိုက်မဟုတ်တဲ့ ကစားသမားတွေလည်း ပါဝင်နေတာဖြစ်ပါတယ်။
ဂွါဒီယိုလာအနေနဲ့ ကစားသမားတွေ အားလုံးကို နေရာပေးနိုင်ဖို့ ရုန်းကန်ရနိုင်တာကြောင့် အသင်းမှ သူ့အကြိုက်မဟုတ်တဲ့ကစားသမားတွေကို ရောင်းချသွားဖို့ အလားအလာများပါတယ်။ လာမဲ့ဩဂုတ်လ ၁၆ ရက်နေ့မှာတော့ မန်စီးတီးဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဝုဗ်နဲ့စတင်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
Source : www.goal.com