‘ဂါနာချို’ရဲ့အပြောင်းအရွှေ့အတွက် ချဲလ်ဆီးနဲ့ယူနိုက်တက်တို့အကြား သဘောတူညီမှုရရှိဖို့ ခက်ခဲနေ

'ဂါနာချို'ရဲ့အပြောင်းအရွှေ့

မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ဟာ တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုရဲ့အပြောင်းအရွှေ့အတွက် ယခုချိန်အထိ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေရဆဲဖြစ်ပြီး သဘောတူညီမှုရရှိဖို့ ခက်ခက်ခဲနေဆဲဖြစ်တယ်လို့သိရပါတယ်။

ယူနိုက်တက်ဟာ ဂါနာချိုကို ရောင်းချဖို့စီစဉ်နေသလို၊ ချဲလ်ဆီးကလည်း ကစားသမားကိုခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ ယူနိုက်တက်ကသတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ချဲလ်ဆီးကပေးချေလိုတဲ့ ပြောင်းရွှေ့ကြေးတို့အကြား ကွာဟမှုကြီးမားနေတာကြောင့် ဆွေးနွေးမှုတွေပြုလုပ်နေရတာဖြစ်ပါတယ်။ 

ယူနိုက်တက်က ဂါနာချိုအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ အထိအလိုရှိနေပြီး ချဲလ်ဆီးကတော့ သန်း ၃၀ သာပေးချေလိုနေတာဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်ကလည်း အာဂျင်တီးနားသားကို လာမဲ့ဇန်နဝါရီမှာ ပေါင်သန်း ၃၀ နဲ့ခေါ်ယူဖို့ ကမ်းလှမ်းမှုပြုလုပ်ထားပေမဲ့ ယူနိုက်တက်ဘက်က ငြင်းဆန်ထားပါတယ်။

ဂါနာချိုဟာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပါက ချဲလ်ဆီးသို့သာပြောင်းရွှေ့လိုနေပြီး စတန်းဖို့ဒ်ဘရစ်ချ်သို့ပြောင်းရွှေ့ခွင့်ရဖို့အတွက် ယူနိုက်တက်ကို တောင်းဆိုထားတယ်လို့သိရပါတယ်။ ယူနိုက်တက်ဟာ  အသင်းရဲ့အကယ်ဒမီကြယ်ပွင့်ကို ကနဦးက ပေါင်သန်း ၇၀ အထိတန်ကြေးသတ်မှတ်ထားတာဖြစ်ပြီး ယခုအခါမှာ ၅၀ အထိလျှော့ချပေးခဲ့တာဖြစ်ပေမဲ့ ချဲလ်ဆီးကတော့ နောက်ထပ် ဈေးလျှော့မယ့်အချိန်ကို စောင့်မျှော်နေပုံရပါတယ်။ 

ဂါနာချိုဟာ မကြာသေးမီက လက်ထဲမှာ Vape တစ်ခုကို ကိုင်ဆောင်ထားခဲ့ကြောင်း တွေ့ရှိခဲ့ရတာကြောင့် ကစားသမားကိုစောင့်ကြည့်နေတဲ့ ချဲလ်ဆီးအနေနဲ့ ကစားသမားရဲ့ စည်းကမ်းပိုင်းနဲ့၊ ပင်ကိုယ်စရိုက်အပေါ် စိုးရိမ်မှုတွေရှိနေတယ်လို့လည်းသိရပါတယ်။ 

လာမဲ့တနင်္ဂနွေနေ့မှာတော့ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ စတင်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယူနိုက်တက်ကတော့ အာဆင်နယ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရပါမယ်။ 

Source : goal.com

Leave a Reply

Your email address will not be published. Required fields are marked *