အာမိုရင်ရောက်လာတဲ့တပြိုင်နက် ယူနိုက်တက်ကနေထွက်ခွာခဲ့ရတဲ့ နစ္စတယ်ရွိုင်း

အာမိုရင်ရောက်လာတဲ့တပြိုင်နက် ယူနိုက်တက်ကနေထွက်ခွာခဲ့ရတဲ့ နစ္စတယ်ရွိုင်း

မန်ချက်စတာယူနိုက်တက်က အသင်းသို့ နည်းပြသစ် ရူဘင်အာမိုရင်ရောက်ရှိလာပြီဖြစ်တာကြောင့် ယာယီနည်းပြတာဝန်ယူထားခဲ့တဲ့ ဗန်နစ္စတယ်ရွိုင်းကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့လက အဲရစ်တန်ဟက်ကို ထုတ်ပယ်ခဲ့တဲ့ ယူနိုက်တက်ဟာ နည်းပြသစ်ရောက်မလာမီအချိန်အထိ နစ္စတယ်ရွိုင်းကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ နစ္စတယ်ရွိုင်းရဲ့ဦးဆောင်မှုအောက်မှာ ၄ ပွဲကစားခဲ့ရာ ၃ နိုင် ၁ ပွဲသရေရလဒ်ကို ပုံဖော်နိုင်ခဲ့ပြီး စွမ်းဆောင်ရည်တိုးတက်ခဲ့ပေမဲ့ ယခုအခါမှာတော့ နယ်သာလန်သားကို အခြားနည်းပြအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ရီနီဟိတ်ခ်၊ ရူဝီလာ၊ ပီတာမိုရယ်လ်တို့နဲ့အတူ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။ 

ယူနိုက်တက်က “ဗန်နစ္စတယ်ရွိုင်း အသင်းကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း အတည်ပြုပါတယ်။ နစ္စတယ်ရွိုင်းဟာ နွေရာသီမှာ အသင်းနဲ့ပြန်လည်ချိတ်ဆက်ခဲ့ပြီး ပြီးခဲ့တဲ့ ပွဲစဉ် ၄ ပွဲအတွက် ယာယီနည်းပြတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ အမြဲတမ်း မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္ထဝင်တစ်ဦးအဖြစ် ဆက်လက်ကျန်ရှိနေမှာပါ။ သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ ရလဒ်တွေအတွက် ကျေးဇူးတင်ပါတယ်။ အိုးလ်ထရက်ဖို့ဒ်ကနေ အမြဲတမ်းကြိုဆိုနေမှာပါ။ ရီနီဟိတ်ခ်၊ ရူဝီလာနဲ့ ပီတာမိုရယ်လ်တို့ကလည်း နစ္စတယ်ရွိုင်းနဲ့အတူ ထွက်ခွာသွားကြပြီး သူတို့အတွက် အနာဂတ်မှာ ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။ မကြာမီမှာပဲ အသင်းရဲ့ နည်းပြအဖွဲ့ဝင်သစ်တွေကို ပြန်လည်အတည်ပြုသွားပါမယ်” လို့ထုတ်ပြန်ခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဟာ တန်ဟက်ရဲ့နေရာကို အာမိုရင်က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ဆက်ခံသွားမဲ့အကြောင်း အတည်ပြုထားပါတယ်။ အာမိုရင်အနေနဲ့ သူ့ရဲ့ကိုယ်ပိုင်နည်းပြ အဖွဲ့ဝင်တွေနဲ့သာ အလုပ်လုပ်လိုနေတာကြောင့် ယူနိုက်တက်အနေနဲ့ နစ္စတယ်ရွိုင်းကို လက်ထောက်နည်းပြရာထူးကနေပါ ဖယ်ရှားခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် မကြာမီမှာပဲ စပို့တင်းလစ္စဘွန်းမန်နေဂျာဟောင်းဟာ သူ့ရဲ့ကိုယ်ပိုင်နည်းလမ်းတွေနဲ့အတူ ယူနိုက်တက်ကို စတင်ဦးဆောင်သွားတော့မှာဖြစ်ပါတယ်။ 

အာမိုရင်အနေနဲ့ သူ့ရဲ့ယူနိုက်တက်နည်းပြဘဝ ပထမဆုံးပွဲစဉ်ကို လာမဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ စတင်သွားမှာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အစ်ဆွစ်ချ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 

Source: mirror.co.uk

#မန်ချက်စတာယူနိုက်တက် #ရူဘင်အာမိုရင် #ဗန်နစ္စတယ်ရွိုင်း #ယာယီနည်းပြ #နယ်သာလန် #အားကစား #ပရီးမီးယားလိဂ် #အိုးလ်ထရက်ဖို့ဒ် #နည်းပြအဖွဲ့ #စပို့တင်းလစ္စဘွန်း, 

Leave a Reply

Your email address will not be published. Required fields are marked *