ယူနိုက်တက်အသင်းဟာ ပွဲအစကတည်းက ကစားသမားတစ်ယောက်အသာအပြင် နှစ်ဂိုးပြတ်ပါ ဦးဆောင်ထားနိုင်ပေမဲ့ ကတ်စ်မဲရိုးရဲ့မဖြစ်သင့်တဲ့ အနီကတ်ကြောင့် ဒုတိယပိုင်းမှာ ရုန်းကန်ခဲ့ရပါတယ်။
ဒုတိယပိုင်းအတွင်း ၁၀-ယောက်စီဖြစ်သွားတာကြောင့် ချဲလ်ဆီးရဲ့ တောက်လျှောက်ဖိအားပေးမှုတွေကို ယူနိုက်တက်တို့ အသည်းအသန် ကာကွယ်ခဲ့ရသလို မိနစ် ၈၀-မှာ ချာလိုဘတ် ချေပဂိုးတစ်ဂိုး ပြန်သွင်းသွားတာကြောင့် သရေရလဒ်မထွက်ပေါ်ရေးအတွက် အစွမ်းကုန်ရုန်းကစားခဲ့ရပါတယ်။
ချဲလ်ဆီးနည်းပြ မာရက်စ်ကတော့ ဒုတိယပိုင်းမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဂါနာချို၊ ဂစ်တန်တို့ကို မထည့်ဘဲ ဂတ်စ်တိုနဲ့ ဂျော့ချ်တို့ကိုသာ ထည့်ကစားခဲ့တာကြောင့် တိုက်စစ်မှာ ထိုးဖောက်နိုင်မဲ့ ကစားသမားမရှိဘဲ ချေပဂိုးတစ်ဂိုးသာ ရယူနိုင်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ယူနိုက်တက်တို့ လိုအပ်နေတဲ့ အဖိုးတန် နိုင်ပွဲတစ်ပွဲကို ဖန်တီးသွားနိုင်ခဲ့ပါတယ်။
Source : theguardian.com