၄ လကြာ အသင်းလက်မဲ့ဖြစ်ခဲ့ပြီးနောက် အသင်းသစ်ရှာတွေ့ခဲ့ပြီဖြစ်တဲ့ ဘာလော့တယ်လီ

အသင်းသစ်ရှာတွေ့ခဲ့ပြီဖြစ်တဲ့ ဘာလော့တယ်လီ xda77

မန်ချက်စတာစီးတီးတိုက်စစ်မှူးဟောင်း မာရီယိုဘာလော့တယ်လီဟာ ၄ လကြာအသင်းလက်မဲ့ဘဝကို ဖြတ်သန်းပြီးနောက် ယခုအခါမှာ အီတလီစီးရီးအေကလပ် ဂျီနိုအာနဲ့ချိတ်ဆက်ဖို့ သဘောတူညီမှုရခဲ့ပြီလို့ သတင်းတွေထွက်ပေါ်လာပါတယ်။ 

ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီမှာ တူရကီစူပါလိဂ်ကလပ် အဒါနာဒီမာစပေါ်ကနေ ထွက်ခွာခဲ့ပြီးနောက် အသင်းသစ်ရှာဖွေလို့ အတော်လေးအချိန်ယူခဲ့ရတာဖြစ်ပါတယ်။ တူရကီကလပ်မှာ အီတလီသားဟာ ၁၆ ပွဲကစားခဲ့ပြီး ၇ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ယခုလအစောပိုင်းမှာ ဘာလော့တယ်လီဟာ စပိန်ကလပ်တစ်ခုသို့ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့သေးပေမဲ့ ယခုအခါမှာတော့ အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ဂျီနိုအာသို့သာပြောင်းရွှေ့တော့မယ်လို့သိရပါတယ်။ 

ဘာလော့တယ်လီဟာ အီတလီကလပ်နဲ့ ၂၀၂၅ ခုနှစ် ဇွန်လအထိသာ စာချုပ်ချုပ်ဆိုသွားမယ်လို့သိရပြီး ရာသီကုန်မှာတော့ နောက်ထပ်အသင်းသစ်ကို ထပ်မံရှာဖွေသွားရဖွယ်ရှိပါတယ်။ ရိုမာနိုရဲ့အဆိုအရ ဘာလော့တယ်လီဟာ လုပ်ခလစာကိုလျှော့ယူပြီး ဂျီနိုအာနဲ့ချိတ်ဆက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

လက်ရှိကစားထားတဲ့ အီတလီစီးရီးအေ ၈ ပွဲအပြီးမှာတော့ ဂျီနိုအာဟာ အမှတ်ပေးဇယားရဲ့အဆင့် ၁၈ နေရာမှာရပ်တည်‌နေတာဖြစ်ပါတယ်။ မကြာသေးမီကလည်း ဘာလော့တယ်လီဟာ စီးရီးအေသို့ပြန်လာဖို့အရိပ်အမြွက်ပြောထားခဲ့ဖူးပါတယ်။ 

ဘာလော့တယ်လီဟာ ယခင်ကလည်း မတူညီတဲ့ စီးရီးအေအသင်း ၃ သင်းမှာကစားခဲ့ဖူးတာဖြစ်ပါတယ်။ အီတလီသားဟာ အင်တာမီလန်မှာ ၂၀၀၇ ခုနှစ်မှာ ၂၀၁၀ ခုနှစ်အထိ လိဂ် ၅၉ ပွဲကစားခဲ့ပြီး ဂိုး ၂၀ သွင်းယူနိုင်ခဲ့ကာ နောက်ပိုင်းမှာ မန်စီးတီးသို့ပြောင်းရွှေ့ခဲ့ပါတယ်။

မန်စီးတီးမှထွက်ခွာပြီးနောက်ပိုင်းမှာတော့ ကစားသမားသာ အေစီမီလန်နဲ့ ချိတ်ဆက်ခဲ့ပြီး ၆၃ ပွဲကစားကာ ၂၇ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၁၉-၂၀ ခုနှစ်မှာတော့ ဘာလော့တယ်လီဟာ ဘရက်စီယာသို့ရောက်ရှိခဲ့ပြီး ၁၉ ပွဲကစားကာ ၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Source : goal.com

#xda77 #xda77digital #စီးရီးအေ #မန်စီးတီး #ဂျီနိုအာ #ဘာလော့တယ်လီ

Leave a Reply

Your email address will not be published. Required fields are marked *