Maroon 5 နဲ့ Blackpink ရဲ့အဖွဲ့ဝင် လီဆာရဲ့သီချင်းသစ် ဧပြီလကုန်ပိုင်းမှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။
ဒီအကြောင်းကို အနုပညာရှင် နှစ်ဦးစလုံးရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာ အရိပ်အမြွက်ဖော်ပြချက်တွေအရ သိရပါတယ်။ ဆိုရှယ်မီဒီယာမှာ Maroon 5 ရဲ့ lead singer အဒမ်လက်ဗင်း နဲ့ ကင်မရာကို ကျောခိုင်းထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ပုံကို Instagram မှာ (ဧပြီ ၂၃ ရက်) က တင်ခဲ့ပါတယ်။

လီဆာ ကလည်း နောက်တစ်နေ့ Story video မှာ လက်ဗင်း သီဆိုထားတဲ့ သီချင်းအပိုင်းတစ်ခုကိုဖြတ်ပြီး အမြည်းအနေနဲ့တင်ထားတာတွေ့ရပါတယ်။ သီချင်းနာမည်ကတော့ “Priceless” ဖြစ်ပြီး သီချင်းအတွက် ရိုက်ကူးမှုပုံရိပ်ကိုလည်း Maroon 5 က Instagram မှာ (ဧပြီ ၂၆ ရက်) က ထပ်ပြီး ပိုစ့်တင်ခဲ့တာတွေ့ရပါတယ်။
ဒါဟာ လီဆာအတွက် ယခုနှစ် Coachella မှာ အောင်မြင်ခဲ့တဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲပြီးတဲ့နောက် ပထမဆုံး ထွက်ရှိမဲ့ တေးသီချင်းသစ်လည်းဖြစ်ပါတယ်။

Source : billboard.com