အင်တာမိုင်ယာမီစတားအခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ မာရှေးယာနို

မက်ဆီ

အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေးယာနိုက မက်ဆီတစ်ယောက် နောက်ထပ်ဒဏ်ရာရနေတယ်ဆိုတဲ့ အမေရိကန်စတားဟောင်း တေလာရဲ့ပြောကြားချက်ကို တုံ့ပြန်လိုက်ပါတယ်။ ကိုလံဘက်စ်ခရူးအသင်းကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ မက်ဆီအနေနဲ့ အင်တာမိုင်ယာမီအတွက် မိနစ် ၉၀ ပြည့်ပါဝင်ကစားပေးခဲ့ပါတယ်။

အခုနိုင်ပွဲကြောင့် အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်မာ ရှုံးပွဲမရှိသေးတဲ့တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေပြီး ၅ ပွဲနိုင် ၃ ပွဲသရေကန်ထားနိုင်ပါတယ်။ မက်ဆီဟာ ၂၀၂၅ မှာ ဂရုစိုက်နေရတာဖြစ်ပြီး ဒဏ်ရာပြဿနာတွေများပြားနေတာဖြစ်ပါတယ်။ ကိုလံဘတ်စ်နဲ့ပွဲအပြီးမှာ မက်ဆီအနေနဲ့ အနည်းငယ် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

အစီအစဉ်တင်ဆက်သူအဖြစ်လုပ်ကိုင်နေတဲ့ တေလာက “မက်ဆီရဲ့အကြောင်းကို ကျွန်တော်ပြောပါမယ်။ ချက်ချင်းဆိုသလို လက်လျှောက်ရာမှာ အနည်းငယ်ထိခိုက်မိသလိုဖြစ်နေပါတယ်။ ပွဲအပြီးမှာ သူအနည်းငယ်အဆင်မပြေခဲ့ပါဘူး။ ပွဲပြီးခါနီး မိနစ် ၂၀ နဲ့ ၂၅ မိနစ်လောက်ကြားမှာ သူအဆင်မပြေတော့ပါဘူး”လို့ တေလာက ပြောကြားခဲ့ပါတယ်။

မက်ဆီရဲ့အခြေအနေနဲ့ပတ်သက်ပြီး မာရှေးယာနိုက “ကျွန်တော် သိသလောက် ဘာမှမဖြစ်ပါဘူး။ သူအဆင်ပြေပါတယ်။ လမ်းလျှောက်တာ အဆင်မပြေဘူးလို့ ကျွန်တော်မမြင်ပါဘူး။ ဒါပေမဲ့ သူ့ကို အဝတ်လဲခန်းထဲမှာတော့ မြင်ခဲ့ပါတယ်။ ဘာမှမဖြစ်သလို ဆေးအဖွဲ့ဘက်ကလည်း ဘာမှမပြောပါဘူး”လို့ မာရှေးယာနိုက ပြောကြားခဲ့ပါတယ်။

အင်တာမိုင်ယာမီဟာ လာမဲ့ကြာသပတေးနေ့မှာကန်မဲ့ ကွန်ကာကက်ဖ်ဆီမီးဖိုင်နယ်ပွဲအတွက် မက်ဆီကြံ့ခိုင်မှုပြည့်ဝနေဖို့ လိုအပ်နေတာဖြစ်ပါတယ်။

Source : goal.com

Leave a Reply

Your email address will not be published. Required fields are marked *