တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား

တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား xda77.net

တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုရှိတဲ့ အမျိုးသမီးတစ်ဦးက သားအိမ် ၂ ခုလုံးနဲ့ ကိုယ်ဝန်ဆောင်ပြီး အမြွှာကလေး ၂ ယောက်ကို မွေးဖွားခဲ့ပါတယ်။

နောက်ဆုံးအမည် လီ လို့ခေါ်တဲ့ အမျိုးသမီးဟာ သားအိမ်နှစ်ခုလုံးမှာ ကိုယ်ဝန်ဆောင်ပြီး ခွဲစိတ်မွေးဖွားနည်းနဲ့ ကိုယ်အလေးချိန် ၇ ပေါင် ၁၉ အောင်စရှိတဲ့ ယေက်ျားလေးနဲ့ ကိုယ်အလေးချိန် ၅ ပေါင် ၅ အောင်စရှိတဲ့ မိန်းကလေးတစ်ဦးကို ရှန်ချီပြည်နယ်၊ ရှီအန်းဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဟာ တစ်သန်းမှာ တစ်ယောက် ဖြစ်နိုင်ခဲတဲ့ အဖြစ်အပျက် ဖြစ်တယ်လို့ ရှီအန်းပြည်သူ့ဆေးရုံက ဆိုခဲ့ပါတယ်။ “သားအိမ် ၂ ခုရှိသူအတွက် သားအိမ်အပေါက်တစ်ခုစီမှာ သဘာဝအတိုင်း သန္ဓေတည်ဖို့ အလွန်ရှားပါးပြီး အခုလို အမြွှာကိုယ်ဝန်ဆောင်ဖို့က ပိုတောင်ရှားတယ်” ဟုဆေးရုံက တရုတ် X-like လူမှုမီဒီယာ Weibo တရားဝင်အကောင့်မှာ စက်တင်ဘာ ၁၈ ရက်က ပြောကြားခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ တရုတ်လူမှုကွန်ရက်မီဒီယာမှာ ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူ သန်း (၅ဝ)ကျော်ထိ ရရှိခဲ့ပါတယ်။

Source : news24.com

#xda77 #xda77digital #အမြွှာမွေးဖွား #သားအိမ်၂ခု

Leave a Reply

Your email address will not be published. Required fields are marked *