‘မက်ဆီ’က အသင်းအတွက် ပြန်ကစားပေးတော့မယ်လို့ မာရှေရာနို အတည်ပြု

'မက်ဆီ'က အသင်းအတွက် ပြန်ကစားပေးတော့မယ်လို့ မာရှေရာနို အတည်ပြု

အင်တာမီယာမီနည်းပြချုပ် ဇာဗီယာမာရှေရာနိုက အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ စနေနေ့ညမှာ LA Galaxy အသင်းနဲ့ ယှဉ်ပြိုင်ကစားမဲ့ပွဲစဉ်အတွက် ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း၊ သြဂုတ်လ ၂ ရက်နေ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အသင်းအတွက် ပြန်လည်ပါဝင်တော့မှာဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။

မက်ဆီဟာ သြဂုတ်လ ၂ ရက်နေ့က Necaxa အသင်းနဲ့ ကစားခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာ ညာခြေထောက် တင်ပါးဆုံကြွက်သား ဒဏ်ရာအသေးစား ရရှိခဲ့တာကြောင့် ပွဲစဉ်ရဲ့ပထမပိုင်းအစောပိုင်းမှာပဲ ကွင်းထဲကနေ ထွက်ခွာခဲ့ရတာပါ။ အသင်းခေါင်းဆောင်ဟာ သြဂုတ်လ ၁၃ ရက်နေ့မှာ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပြီး ပြန်လာဖို့ ပြင်ဆင်နေခဲ့တာပါ။

လီယိုက အဆင်ပြေပါတယ်။ တကယ်တော့ သူဟာ ဗုဒ္ဓဟူးနေ့ကတည်းက အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေတာပါ။ဗုဒ္ဓဟူးနေ့ကတည်းက သူ့ကိုတွေ့ခဲ့ရမှာပါ။ ဘာမှထူးထူးခြားခြား မဖြစ်ခဲ့ဘူးဆိုရင် မနက်ဖြန်ပွဲအတွက် သူ့ကို အရန်ကစားသမားစာရင်းမှာ ထည့်သွင်းမှာပါ” လို့ နည်းပြချုပ် မာရှေရာနိုက ပြောကြားခဲ့ပါတယ်။

ဗီဇာကိစ္စကြောင့် လေ့ကျင့်ခန်းအစီအစဉ်အချို့ လွဲချော်ခဲ့ရပေမဲ့ ရိုဒရီဂို ဒီပေါလ်လ်ကိုလည်း Galaxy အသင်းနဲ့ပွဲစဉ်အတွက် ကစားသမားစာရင်းမှာ ထည့်သွင်းထားကြောင်း မာရှေရာနိုက အတည်ပြုခဲ့ပါတယ်။

မီယာမီအသင်းဟာ Major League Soccer (MLS) ရဲ့ ပုံမှန်ရာသီပွဲစဉ်အဖြစ် Galaxy အသင်းနဲ့ ယှဉ်ပြိုင်အပြီး သြဂုတ်လ ၂၀ ရက်နေ့မှာတော့ Liga MX အင်အားကြီးအသင်းဖြစ်တဲ့ Tigres UANL ကို လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။

Source : rfi.fr

Leave a Reply

Your email address will not be published. Required fields are marked *