ပွဲပယ်ခံရမှုအပေါ် တုံ့ပြန်လိုက်တဲ့ မက်ဆီ

ပွဲပယ်ခံရမှုအပေါ် တုံ့ပြန်လိုက်တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီ နှင့် အင်တာမိုင်ယာမီ အသင်းဖော် ဂျော်ဒီ အယ်လ်ဘာ တို့နှစ်ဦးစလုံးဟာ All-Star Game အတွက် ရွေးချယ်ခံခဲ့ရသော်လည်း အော်စတင် ၊ တက္ကဆက်မှာ ကျင်းပတဲ့ပွဲကို မပါဝင်ခဲ့ကြပါဘူး။ ဘာစီလိုနာ ကစားသမားဟောင်းနှစ်ဦးဟာ အင်္ဂါနေ့ညက ကျင်းပတဲ့ All-Star skills challenge ကိုလည်း တက်ရောက်ခဲ့ခြင်းမရှိသလို ဗုဒ္ဓဟူးနေ့မှာ မက္ကဆီကိုလိဂ် က ကစားသမားတွေနဲ့ ယှဉ်ပြိုင်ကစားရမဲ့ All-Star Game ကိုလည်း လာရောက်ခဲ့ခြင်း မရှိပါဘူး။

MLS ရဲ့ စည်းမျဉ်းတွေအရ လိဂ်ရဲ့ခွင့်ပြုချက်မရဘဲ All-Star Game မှာ မပါဝင်တဲ့ ကစားသမားတွေကို ကစားခွင့်ပိတ်ပင်တာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။ သောကြာနေ့မှာ MLS က မက်ဆီနဲ့ အယ်လ်ဘာတို့ဟာ တစ်ပွဲပိတ်ပင်မှု ခံရမှာဖြစ်ပြီး စနေနေ့ညမှာ စင်စင်နတီ နဲ့ ယှဉ်ပြိုင်ကစားမဲ့ အင်တာမိုင်ယာမီရဲ့ လိဂ်ပွဲစဉ်မှာ ပါဝင်နိုင်တော့မှာ မဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။

“သူတို့ မနက်ဖြန်ညပွဲရဲ့ အရေးပါပုံကို နားလည်ပါတယ်။ ဒါကြောင့် တုံ့ပြန်မှုကတော့ မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ ပြိုင်ဆိုင်မှုရှိတဲ့ ကစားသမားနှစ်ဦးအနေနဲ့ ဒီဆုံးဖြတ်ချက်ကို နားမလည်ကြဘူး။ ပွဲတစ်ခုကို မတက်ရောက်တာနဲ့ ဘာကြောင့် ကစားခွင့်ပိတ်ပင်တာကို ချက်ချင်းခံရလဲဆိုတာကိုလည်း နားမလည်ကြဘူး၊ စည်းမျဉ်းက ရှိပြီးသားပါ၊ သူတို့ ဒါကို နားမလည်ကြဘူး”

“ကျွန်တော် ဒီစည်းမျဉ်းကို သဘောမတူဘူး။ ကျွန်တော့်ရဲ့ အတွေးအမြင်တွေကို ကော်မရှင်နာကို တော်တော်လေး ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပြီးပါပြီ။ ဒါက ပြောင်းလဲသွားမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်၊ ဒါပေမဲ့ သူတို့ရဲ့ တုံ့ပြန်မှုကတော့ ကျွန်တော် မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ သူတို့နှစ်ယောက်စလုံးက အရမ်းကို စိတ်ပျက်နေကြပါတယ်” လို့ မက်စ်က ပြောပါတယ်။

ဒီဆုံးဖြတ်ချက်က မက်ဆီရဲ့ အင်တာမိုင်ယာမီ အနာဂတ်အပေါ် သက်ရောက်မှုရှိနိုင်မလားလို့ မေးတဲ့အခါ မက်စ်က “သူ အရမ်းစိတ်ပျက်နေပါတယ်။ မျှော်လင့်ထားတဲ့အတိုင်း အရမ်းကို စိတ်ပျက်နေပါတယ်။ ဒါက ရေရှည်မှာ သက်ရောက်မှု မရှိဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကနဦးမှာ ကစားသမားရဲ့ လိဂ်စည်းမျဉ်းတွေအပေါ် မြင်တဲ့အမြင်ကို သက်ရောက်မှု ရှိမလားဆိုရင်တော့ သေချာပေါက် ရှိမှာပါ” လို့ ဖြေကြားခဲ့ပါတယ်။

MLS ကော်မရှင်နာ ဒွန် ဂါဘာ က ထုတ်ပြန်ချက်တစ်ခုမှာ “လီယွန်နယ် မက်ဆီက ဒီလိဂ်ကို ချစ်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ မက်ဆီထက် မေဂျာလိဂ်ဆော့ကာအတွက် ပိုလုပ်ပေးခဲ့တဲ့ ကစားသမား ဒါမှမဟုတ် ဘယ်သူမှ မရှိဘူးလို့ ကျွန်တော် မထင်ပါဘူး”

“အင်တာမိုင်ယာမီအပေါ် သူ့ရဲ့ ကတိကဝတ်ကို ကျွန်တော် အပြည့်အဝ နားလည်တယ်၊ လေးစားတယ်၊ အားကျပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း လေးစားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

“ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့မှာ All-Star Game မှာ ပါဝင်ခြင်းနဲ့ပတ်သက်တဲ့ ရေရှည်ပေါ်လစီတစ်ခု ရှိပါတယ်။ ဒါကြောင့် ဒီပေါ်လစီကို အကောင်အထည်ဖော်ခဲ့ရပါတယ်။ ဒါက အရမ်းကို ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ ဒီလိုပြောရပေမဲ့ ကျွန်တော်တို့ ရှေ့ဆက်သွားမဲ့ ပေါ်လစီကို အလေးအနက်ထားပြီး လေ့လာသွားမှာပါ။ ဒီစည်းမျဉ်းကို ဘယ်လို ပြောင်းလဲသင့်တယ်ဆိုတာကို ကျွန်တော်တို့ရဲ့ ကစားသမားတွေနဲ့အတူ လုပ်ဆောင်သွားဖို့ ကျွန်တော် ကတိပြုပါတယ်” လို့ ဂါဘာက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

Source : www.bbc.co.uk

Leave a Reply

Your email address will not be published. Required fields are marked *