မန်ယူအသင်းကို အမြဲတမ်းကိုင်တွယ်ဖို့ နီးစပ်လာတဲ့ မိုက်ကယ်ကာရစ်နဲ့ ပရိသတ်တွေရဲ့ အချိတ်အဆက်

မန်ယူအသင်းကို အမြဲတမ်းကိုင်တွယ်ဖို့ နီးစပ်လာတဲ့ မိုက်ကယ်ကာရစ်

မန်ချက်စတာယူနိုက်တက်ရဲ့ ယာယီနည်းပြ မိုက်ကယ်ကာရစ်က ခရစ္စတယ်ပဲလေ့စ်ကို ၂-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ပရိသတ်တွေ သူ့နာမည်ကို အော်ဟစ်အားပေးခဲ့ကြတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ခံစားချက်အစစ်အမှန်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အခုဆိုရင် ကာရစ်ဟာ အသင်းကို အမြဲတမ်းနည်းပြအဖြစ် တာဝန်ယူဖို့ ပိုပြီးနီးစပ်လာနေပါပြီ။ သူတာဝန်ယူပြီးကတည်းက ယူနိုက်တက်ဟာ သိသိသာသာ ပြောင်းလဲလာခဲ့ပြီး အခုဆိုရင် ပရီးမီးယားလိဂ်အဆင့် ၃ နေရာအထိ တက်လှမ်းနိုင်ခဲ့သလို ၇ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ပရိသတ်တွေနဲ့ အသင်းကြားက ဆက်ဆံရေးဟာ ဆာအဲလက်စ် ဖာဂူဆန် လက်ထက်နောက်ပိုင်း အကောင်းဆုံးအခြေအနေကို ရောက်နေတယ်လို့ ဆိုရမှာပါ။ ဒီအပေါ်မှာ ကာရစ်က “တကယ်ကို ဝမ်းသာပါတယ်။ ဒီကွင်းက ကျွန်တော့်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ပရိသတ်တွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ပွဲလာကြည့်ကြတာကို မြင်ရပြီး အဲ့ဒီအပေါ်မှာ ကျွန်တော်က တစ်ဖက်တစ်လမ်းက ပါဝင်ခွင့်ရတာ ဂုဏ်ယူမိပါတယ်။ ဒါတွေအားလုံးက ကစားသမားတွေရဲ့ ကြိုးစားမှုကြောင့်ပါ။ ပရိသတ်တွေနဲ့ အချိတ်အဆက်မိတာက အသင်းအတွက် တကယ့်ကို အားဆေးပါပဲ” လို့ ပြောခဲ့ပါတယ်။

ပွဲအစမှာ ပဲလေ့စ်က ဦးဆောင်ဂိုးရသွားခဲ့ပေမဲ့ ကာရစ်ရဲ့ နည်းစနစ်ပိုင်း အပြောင်းအလဲတွေကြောင့် ယူနိုက်တက်တို့ ပွဲကို ပြန်ထိန်းနိုင်ခဲ့ပါတယ်။ ဘရူနို ဖာနန်ဒက်စ်နဲ့ ခြေစွမ်းပြနေတဲ့ ဘင်ဂျမင် ရှက်စကို တို့ရဲ့ ဂိုးတွေနဲ့အတူ ယူနိုက်တက်တို့ နိုင်ပွဲရခဲ့တာပါ။ ကာရစ်က “ဒုတိယပိုင်းမှာ ပုံစံအနည်းငယ် ပြောင်းလိုက်တာပါ။ ကစားသမားတွေကလည်း ကျွန်တော် မျှော်လင့်ထားသလိုမျိုး စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ တုံ့ပြန်ပြနိုင်ခဲ့ကြပါတယ်” လို့ ဆိုပါတယ်။

ဒီပွဲရဲ့ အဓိကလူကတော့ ၂၀၂၆ ခုနှစ်အတွင်း ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ရှက်စကို ပါပဲ။ သူဟာ နောက်ဆုံး ၈ ပွဲမှာ ၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာလည်း ကာရစ်က အထူးချီးကျူးခဲ့ပါတယ်။ “ရှက်စကို အတွက် တကယ်ဝမ်းသာပါတယ်။ သူက အရမ်းကြိုးစားတဲ့သူဖြစ်ပြီး အသင်းအတွက် အမြဲတမ်း အစွမ်းကုန် ပေးဆပ်ချင်နေသူပါ” လို့ ကာရစ်က မှတ်ချက်ပေးခဲ့ပါတယ်။

Source : https://www.goal.com/

Leave a Reply

Your email address will not be published. Required fields are marked *