ရီးရဲလ်အသင်းကိုအနိုင်ရပြီးနောက် ဆာကာတစ်ယောက် ခံစားခဲ့ရတာကို ထုတ်ဖော်ပြောကြားလာတဲ့ အာတီတာ

အာတီတာ

ရီးရဲလ်ကိုအနိုင်ရပြီးနောက် ပထမပိုင်းမှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ ဆာကာတစ်ယောက် သူ့ပါးသူချခံလိုက်ရသလို ခံစားခဲ့ရတာကြောင်း အာတီတာက ပြောကြားလိုက်ပါတယ်။ ပထမအကျော့အိမ်ကွင်းမှာ ၃ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ဟာ ဒုတိယအကျော့မှာ ဘာနေဗျူးကို သက်တောင့်သက်သာနဲ့ လာကစားခဲ့ရပါတယ်။

ပွဲကစားချိန် ၁၀ မိနစ်လောက်မှာ အဆန်စီရိုတစ်ယောက် မာရီနိုကို ဆွဲလှဲခဲ့တာကြောင့် ပင်နယ်တီရရှိခဲ့ပြီး ဆာကာအနေနဲ့ ပင်နယ်တီကာပုံစံကန်သွင်းခဲ့ပေမဲ့ ကော်တိုရစ်က လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။

အဲ့နောက် ပထမပိုင်းမှာဥမင်ထဲဝင်ချိန်မှာလည်း ရီးရဲလ်စတား ကာဗာဂျယ်နဲ့ အချင်များခဲ့သေးတာဖြစ်ပါတယ်။ ပွဲကစားချိန် ၆၅ မိနစ်မှာ ဆာကာအနေနဲ့ ပင်နယ်တီအမှားကို သွင်းဂိုးနဲ့ ပြန်လည်ချေပနိုင်ခဲ့ပါတယ်။  ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ဗင်နီဆီးယက်စ်က နောက်တန်းအမှားကနေ ချေပဂိုးပြန်လည်ရယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်အတွက် အနိုင်သေချာစေမဲ့ဂိုး မာတီနယ်လီက ပွဲကစားချိန် ၉၂ မိနစ်မှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ အာတီတာက သူ့အနေနဲ့ ဆာကာရဲ့အနေအထားကို စိုးရိမ်မိခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ “သူ့ပါးသူချလိုက်သလို  ခံစားရတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူဆုံးဖြတ်ချက်ချခဲ့တာပါ။ ကျွန်တော် စိုးရိမ်မိခဲ့ပါတယ်။ ကျွန်တော် တစ်ဦးချင်းပြောရရင် မတူညီတာတွေအများကြီးပါ။ ကျွန်တော် တူညီတဲ့အနေအထားနဲ့ပဲဖြေပါမယ်။ ဘူကာယိုအခွင့်အရေးရခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ခဲ့ပါတယ်။ အဲ့တာက ပွဲအလှည့်အပြောင်းဖြစ်စေမှာပါ။
ပင်နယ်တီဂိုးသာရလိုက်ရင် သူ့အနေနဲ့ယုံကြည်မှုပိုရလာမှာပါ။ ဒါပေမဲ့ အဆုံးသတ်မှာ သူအခြေအနေတွေကို ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ဒီကွင်းမှာ သူကစားတာက ပထမဆုံးအကြိမ်ပါ။ အဲ့တာက အရမ်းကြီးမားပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အခုလိုမျိုးဆီမီးဖိုင်နယ်ကို ၂၀၀၆ နဲ့ ၂၀၀၉ နောက်ပိုင်း တတိယအကြိမ်တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

“အဲ့တာက နောက်ထပ်ကြီးမားတဲ့ခြေလှမ်းပါ။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ပြီးဆုံးခဲ့တာ နဲ့ အခုနှစ် ကျွန်တော်တို့လုပ်နေတဲ့အရာပါ။ အသင်းတော်တော်များများက ကျွန်တော်တို့အပေါ်မှာပဲရှိနေပါတယ်။ မက်ဒရစ်ကို ချီးကျူးရမှာပါ။ ဒီပွဲက ကျွန်တော့်နည်းပြဘဝပထမဆုံးအကြိမ်ပါ။ ဒီနေ့မှာ ၃ မိနစ်လောက် ဒီကွင်းထဲရောက်ပြီးနောက် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကို နားလည်လိုက်ပါတယ်။ သူတို့က ပြိုင်ဘက်ကို ဖိအားပေးရာမှာ စပယ်ရှယ်လစ်တွေပါ။ အဲ့တာက ပွဲအတွင်းမှာ တကယ်နားလည်ဖို့ ခက်ခဲပါတယ်။ သူတို့ ရင့်ကျက်မှုအများကြီးကို ပြသနိုင်ခဲ့ပါတယ်”လို့ အာတီတာက  ပြောကြားခဲ့ပါတယ်။

Source : caughtoffside.com

Leave a Reply

Your email address will not be published. Required fields are marked *