MobLand (2025) အညွှန်း

MobLand (2025)xda featured image

Mobland ကို ပထမကြည့်နေရင်းနဲ့ စကားတွေ အများကြီးလျှောက်ပြောနေတဲ့ မာဖီးယားဇာတ်ကားလို့ပဲထင်ထားတာပါ။အခုတော့ တစ်ပတ် တစ်ပိုင်းတောင် မစောင့်နိုင်တော့တဲ့ အခြေနေတွေဖြစ်နေပါပြီ။

ဇာတ်လမ်းက ပုံမှန်လို့ထင်ရပေမဲ့ ဂိုဏ်းနှစ်ခုနဲ့ မိသားစု အရှုပ်အထုတ်တွေကို လိုက်ဖြေရှင်းရတဲ့ Tom Hardy ရဲ့ လူတွေကို ခြိမ်းခြောက်တဲ့ ပုံစံကိုကြည့်ရတာ တကယ်ကို ဆွဲဆောင်မှုရှိလွန်းပါတယ်။

ဇာတ်လမ်းရဲ့ ပထမအပိုင်းမှာ Harrigan အိမ်တော်က ထိန်းမရအောင်ဆိုးတဲ့ သားအငယ်ဆုံး အက်ဒီ တစ်ယောက် အရက်ဆိုင်တစ်ခုကအပြန်မှာ ရန်သူ့ဂိုဏ်းက သားဖြစ်သူကို ရှော့ခ်လိုက်တာကနေ ဇာတ်လမ်းစထားပါတယ်။

အဲဒီနောက် ဟယ်ရီဂန်တွေရဲ့ ခေါင်းဆောင် Conrad Harrigan ကလည်း သူ့သူငယ်ချင်းဖြစ်သူ အာချီဆိုတဲ့ ဘိုးတော်ကို ရဲသတင်းပေးဆိုပြီး ထပ်ရှော့ပေးလိုက်တော့ ရဲဘက်ကပါ ဒီဂိုဏ်အပေါ် မျက်စိကျလာခဲ့ပါတယ်။

နောက်ပိုင်း ဟယ်ရီဂန်ဂိုဏ်းနဲ့ စတီဗင်ဆန်​ဂိုဏ်းတွေ အချင်းချင်း ထိတ်တိုက်မတွေ့ဖို့ Harry Da Souza က ကြားထဲကနေ ဝင်ဖြေရှင်းပေးရင်းနဲ့ နောက်ထက်အကြီးစား ဂိုဏ်းကြီးတစ်ခုနဲ့ပါ သွားပတ်သက်မိသွားပါတယ်။

တဖြည်းဖြည်းနဲ့ ပထမပိုင်းကနေ ဇာတ်ရှိန်တက်လာလိုက်တာ အပိုင်း ၉ ရောက်တဲ့အထိ ဇာတ်ရှိန်က လုံးဝမကျသွားတာပါပဲ။ Harrigan တွေကလည်း ပြဿနာတစ်ခုပြီး တစ်ခုရှာတယ်၊ Harry ကလည်း တစ်ခုမှ မငြင်းပဲ အကုန်ဖြေရှင်းပေးတယ်။

ဒီကြားထဲ လူငယ်အကျဥ်းထောင်ထဲမှာ မုဒိန်းကျင့်ခံခဲ့ရတဲ့ House of Dragon ထဲက ဘုရင်ကြီးကလည်း ဒီထဲမှာ ဇာတ်တော်တော် နာအောင်လုပ်ထားပါတယ်။ သူ့အဖေကလည်း သူ့မိန်းမနဲ့ ညားထားပြီး အက်ဒီဆိုတဲ့ ကလေးပါရထားတော့ ပိုပြီးဆိုးတာပေါ့။

ဇာတ်လမ်းထဲမှာ တော်တော်လေး အမြင်ကပ်ဖို့ကောင်းတာက Conrad Harrigan ရဲ့ မိန်းမ Mave Harrigan ပါ။ အိမ်ထဲမှာ တစ်ယောက်ပြီးတစ်ယောက် လိုက်မွှေနေပြီးနောက်ဆုံး ရန်သူ့ဘက်ကိုတောင် သတင်းတွေဖောက်သည်ချရတဲ့ အထိတွေကို လုပ်ပြီး သူက သူတော်ကောင်းပုံစံ အထာဖမ်းပြီးနေတာပါ။

နောက်တစ်ယောက်ကတော့ စော်ကြည်ဘဲ Conrad Harrigan (Pierce Brosnan) ပါ။ ဒီဘဲက ဘယ်လောက်ဆိုးလည်းဆိုရင် သူ့သားနဲ့ယူမဲ့ မိန်းမနဲ့ပါ အတူတူအိပ်ခဲ့တဲ့ဘဲပါ။ စော်ကလည်း ရှယ်ကြည်သလို ဇာတ်လမ်းထဲမှာလည်း အငြိမ်နေပြီး စော်တွေကိုချုပ်တာတော်တော်မိုက်ပါတယ်။

ဆိုတော့ ဇာတ်လမ်းထဲမှာ ဇာတ်ကောင် တစ်ယောက်ချင်းစီမှာ ဇာတ်လမ်းကိုယ်စီရှိကြပြီး ဇာတ်လမ်းကို မရိုးသွားအောင် အပိုင်းတိုင်းကို စိတ်ဝင်စားအောင်လုပ်ထားပါတယ်။

Rating အနေနဲ့ IMDb မှာ 8.5/10 နီးနီးနဲ့ ကြမ်းနေတဲ့ ဇာတ်လမ်းလို့တောင်ပြောလို့ရပါတယ်။ နောက်ပိုင်းတွေလည်း စိတ်ဝင်စားဖို့ကောင်းနေလို့ မာဖီးယား ဇာတ်လမ်းတွေ ကြိုက်တယ်ဆိုရင် ကြည့်ဖို့အကြံပေးပါတယ်။

XDA77 ရဲ့ Movie Website မှာ ကြည့်ရှုလို့ရနေပါပြီ။ (အပိုင်း ၁,၂) တင်ထားပြီး ထပ်မံ Update လုပ်သွားပါ့မယ်။

Leave a Reply

Your email address will not be published. Required fields are marked *