K-pop အမျိုးသားဂီတအဖွဲ့ NCT အဖွဲ့ဝင်ဟောင်း မွန်းတေးအီဟာ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ စွဲချက်တင်ခံရတယ်လို့ တောင်ကိုရီးယားသတင်း Chosun Ilbo က အောက်တိုဘာလ ၇ ရက်မှာ ဖော်ပြလာခဲ့ပါတယ်။
အသက် ၃၀ နှစ်အရွယ် တေးအီဟာ ဒီအမှုအတွက် ဆိုးလ်မြို့၊ ဘန်ဘဲ့ရဲစခန်းမှာ အထူးမုဒိမ်းမှု စွဲချက်နဲ့ စစ်ဆေးမေးမြန်းခံရပါတယ်။ နောက်ပိုင်း သူ့ကို ဆိုးလ်မြို့ ဗဟိုခရိုင် အစိုးရရှေ့နေရုံးက စက်တင်ဘာလ ၁၂ ရက်က ဆင့်ခေါ်ခဲ့ပေမဲ့ တရားစွဲဆိုခြင်းတော့ မရှိသေးပါဘူး။ တေးအီဟာ ၎င်းထက် အားနည်းသူ၊ ပြန်ခုခံနိုင်စွမ်းမရှိသူတွေကို တားဂတ်ထားပြီး မုဒိန်းမှုကျူးလွန်ခြင်း၊ ဒါမှမဟုတ် ပြန်မခုခံနိုင်အောင် လက်နက်သုံး နှိပ်စက်ပြီးမှ ကျူးလွန်ခြင်းတို့ပြုလုပ်ခဲ့တယ်လို့ သံသယရှိထားပါတယ်။
တကယ်လို့ ဒါသာအမှန်ဆိုရင် တေးအီဟာ ထောင်ဒဏ် ခုနစ်နှစ် (သို့မဟုတ်) ထောင်ဒဏ်တစ်သက်အထိ ချမှတ်ခံရနိုင်ပါတယ်။ အမှုအစီရင်ခံစာအရ နစ်နာသူတစ်ဦးဟာ ဆေးမူးနေပြီး ကျန်နှစ်ဦးကတော့ သာမာန်လူတွေပဲဖြစ်တယ်လို့ သိရပါတယ်။
တေးအီဟာ ဒီအမှုအတွက် ဇွန်လက တိုင်ကြားခံရပြီး သြဂုတ်လ ၂၈ ရက်မှာ ရဲတပ်ဖွဲ့က စတင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
တေးအီဟာ NCT 127 ရဲ့အသက်အကြီးဆုံးအဖွဲ့ဝင်ဖြစ်ပြီး အဖွဲ့ရဲ့ Main Vocalist လည်း ဖြစ်ပါတယ်။ အမှုကြောင့် တေးအီဟာ NCT မှ ချက်ချင်းနုတ်ထွက်ခဲ့ပါတယ်။

Source : chosun.com
#xda77 #xda77digital #မွန်းတေးအီ #NCTအဖွဲ့ဝင်