နောက်ဆုတ်ရုံသာမက ဖျက်သိမ်းပါခံရနိုင်တဲ့ Amazon ရဲ့ Mr. & Mrs. Smith Series

ဖျက်သိမ်းပါခံရနိုင်တဲ့ Amazon ရဲ့ Mr. & Mrs. Smith Series

Brad Pitt နဲ့ Angelina Jolie တို့ရဲ့ Mr. & Mrs. Smith ရုပ်ရှင်ကို ပြန်လည် reboot ချ ရိုက်ကူးထားတဲ့ Amazom Prime Video ရဲ့ Mr. & Mrs. Smith Season 2 ဟာ သရုပ်ဆောင်ကိစ္စပြဿနာတွေကြောင့် အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာပါတယ်။

Season 2 ရဲ့ ရိုက်ကူးထုတ်လုပ်ရေးကို နောက်ဆုတ်လိုက်ပြီး စီးရီးရဲ့အနာဂတ်ကတော့ မသေမချာတော့ကြောင်း ကနဦးသိရှိရပြီး Deadline ရဲ့ ဖော်ပြချက်အရ ဒီရွှေ့ဆိုင်းမှုဟာ သရုပ်ဆောင်ပြဿနာတွေကြောင့်ဖြစ်တယ်လို့ဆိုပေမဲ့လည်း အသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
ဒါ့အပြင် ဒီအကြောင်းအရာအပေါ်မှာလည်း Prime Video ဘက်ကလည်း တရားဝင်ကြေညာချက် ထုတ်ပြန်ရခြင်း မရှိသေးပါဘူး။
Season 2 မှာ Mark Eydelshteyn နဲ့ Sophie Thatcher တို့က အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်လာမှာဖြစ်ပြီး Donald Glover နဲ့ Maya Erskine တို့ရဲ့ နေရာကို အစားထိုးမှာဖြစ်သလို Lily-Rose Depp, Francesca Scorsese, Levon Hawke, Wagner Moura နဲ့ Gael Garcia Bernal တို့လည်း ပါဝင်လာနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ဖူးတာ ဖြစ်ပါတယ်။
Deadline ရဲ့ သတင်းရင်းမြစ်တွေအရ Mr. & Mrs. Smith Season 2 ဟာ အကန့်အသတ်မရှိရပ်ဆိုင်းထားတဲ့အခြေအနေမှာ ရှိနေပေမဲ့လည်း ပူးတွဲထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ New Regency ကတော့ ၂၀၂၆ အစောပိုင်းမှာ ရိုက်ကူးရေးစတင်နိုင်ဖို့ မျှော်လင့်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့လည်း Series showrunner ဖြစ်သူ Francesca Sloane ကတော့ HBO ရဲ့ Big Little Lies Season 3 အတွက် ဇာတ်ညွှန်းရေးသားသူအဖြစ် ကြေညာထားပြီးဖြစ်တဲ့အတွက်၊ Mr. & Mrs. Smith အတွက် အချိန်ပေးနိုင်ပါ့မလားဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

Mr.Wilddog ရေးသည်။
Ref: GamesRadar+

Leave a Reply

Your email address will not be published. Required fields are marked *