အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တွင် ကျင်းပသော ရုပ်ရှင်ပွဲတော်တစ်ခုတွင် ရုပ်ရှင်ပိုစတာပေါင်း(၁၃၀၀)ကျော်ကို ပြသခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။
Look Dine-in Cinema ရှိ Chandler ရုပ်ရှင်ပွဲတော်၏ နံရံကပ်ပိုစတာများကို ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့ စစ်ဆေးရေးမှူးတစ်ဦးက စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါရုပ်ရှင်ပိုစတာများသည် ပြီးခဲ့သည့်နှစ်များအတွင်း ပွဲတော်တွင်ပြသခဲ့သည့် ရုပ်ရှင်များကို ကိုယ်စားပြုကာ ပြသထားခြင်းဖြစ်ကြောင်း သိရသည်။
ပွဲတော်ဥက္ကဋ္ဌနှင့် ဒါရိုက်တာတစ်ဦးဖြစ်သူ မီတက်ရှ်ပါတယ်က ‘ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကျွန်တော်တို့ကို တောက်လျှောက် လှုံ့ဆော်မှုတွေလုပ်ဆောင်ပေးခဲ့တဲ့ ရုပ်ရှင်တွေနဲ့ ရုပ်ရှင်ရိုက်ကူးသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ CIFF ရဲ့(၉)နှစ်မြောက် အထိမ်းအမှတ်အတွက် တကယ်ကို ဝမ်းသာမိပါတယ်။ ပိုစတာတစ်ခုချင်းစီတိုင်းဟာ ထူးခြားတဲ့ဇာတ်လမ်းနဲ့ ရုပ်ရှင်ရိုက်ကူးသူတစ်ဦးချင်းစီရဲ့ ဝါသနာတွေကို ကိုယ်စားပြုထားပါတယ်။ ဒီရုပ်ရှင်ပိုစတာတွေအားလုံးကို စုစည်းမှုနဲ့အတူ ဒီပွဲဖြစ်မြောက်အောင်လုပ်ဆောင်ပေးခဲ့တဲ့ ရုပ်ရှင်တွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်”ဟု ပြောဆိုခဲ့သည်။
ယခင်က အဆိုပါရုပ်ရှင်ပွဲတော်သည် ရုပ်ရှင်ပိုစတာပေါင်း(၃၀၀)ကျော်ကို ပြသခဲ့ပြီးနောက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ဖူးကြောင်းလည်း သိရသည်။
Source : azfamily.com