အမျိုးသမီး K-pop အဖွဲ့ NewJeans ဟာ ယခင်အေဂျင်စီနဲ့ အရှုပ်အရှင်းများဖြစ်ကာ လမ်းခွဲပြီးတဲ့နောက် အဖွဲ့အမည်သစ်ကို NJZ အဖြစ် ပြောင်းလဲလိုက်တယ်လို့ သိရပါတယ်။ အဖွဲ့ဝင်များအနေနဲ့ ဟေရင်း၊ ဟေအင်း၊ ဒါနယ်လီ၊ ဟန်နီနဲ့ မင်ဂျီဆိုတဲ့ မူရင်းအဖွဲ့ဝင်တွေပဲ ပါဝင်နေဦးမှာ ဖြစ်ပါတယ်။

အရင်အေဂျင်စီ Ador မှာ စာချုပ် အငြင်းပွားမှု၊ စီမံခန့်ခွဲမှု လွဲမှားမှုစတဲ့ အချက်တွေကြောင့် အငြင်းအခုံတွေ ဖြစ်ခဲ့ကြပြီး နိုဝင်ဘာ ၂၈ ရက်မှာ တရားဝင်အေဂျင်စီမှ ထွက်ခွာခဲ့ကြတာဖြစ်ပါတယ်။
အင်စတာဂရမ်အကောင့်ကိုလည်း မူလက @jeanzforfree လို့ အမည်မှတ်ထားပေမဲ့ နောက်ပိုင်း @njz_official အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒါအပြင် အဖွဲ့နာမည်သစ်နဲ့ NJZ အဖွဲ့ဟာ လာမဲ့မတ်လအတွင်း ဟောင်ကောင် ComplexCon ဂီတပွဲတော်မှာ တောင်ကိုရီးယားရက်ပ်ပါ Zico ၊ အမေရိကန်ဟစ်ဟော့အဆိုတော် Metro Boomin တို့နဲ့အတူ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
NewJeans ဟာ ၂၀၂၂ ခုနှစ်မှာ Ador အေဂျင်စီ လက်အောက်မှ ပွဲဦးထွက်ခဲ့ပြီး Hype Boy (2022), OMG (2023)၊ Super Shy (2023) သီချင်းတွေနဲ့ လူငယ်တွေကြား နာမည်ကျော်ပါတယ်။

Source : koreajoongangdaily.joins.com