ချဲလ်ဆီးတိုက်စစ်မှူး ‘နီကိုလက်စ်ဂျက်ဆင်’နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ ဘိုင်ယန်မြူးနစ်
သတင်းတွေအရ ဘိုင်ယန်မြူးနစ်အသင်းဟာ ချဲလ်ဆီးတိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆင်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ဘိုင်ယန်အသင်းဘက်က ဂျက်ဆင်အပြောင်းအရွှေ့အတွက် အတည်လည်းမပြုသလို ငြင်းဆန်ခြင်းလည်း မပြုခဲ့တာဖြစ်ပါတယ်။ဘိုင်ယန် နဲ့ ဂျက်ဆင်တို့ကြား ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီးဖြစ်ကာ ၂ သင်းကြားဆွေးနွေးမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။

