တူရကီနိုင်ငံက ဒီရေအိုင်ငယ်လေးတွေဟာ ရုတ်တရက်ကြည့်ရင် အဖြူရောင်နှင်းတောထဲက အပြာရောင်ရေအိုင်ငယ်လေးတွေနှင့်တူညီနေပါတယ်။ ပတ်ဝန်းကျင်ကနှင်းတွေကြောင့် အတော်လေးအေးမယ်လို့ထင်ရပေမဲ့ ဒီရေအိုင်လေးတွေဟာ ရေပူစမ်းတွေဖြစ်ပြီးတော့ အတော်လေးနွေးထွေးတဲ့ရေတွေကို ပိုင်ဆိုင်ထားပါတယ်။

ကယ်လ်စီယန်ကာဗွန်နိတ်အနယ်ထိုင်ခြင်းကနေ ဖြစ်တည်လာတဲ့ရေပူစမ်းတွေဟာ မြေအောက် ကရေပူတွေကြောင့်အခုလိုမျိုးအိမ်မက်ဆန်တဲ့ရေပူစမ်းကန်လေးတွေဖြစ်လာတာဖြစ်ပါတယ်။ အဖြူရောင်နှင်းတွေကြားထဲရှိနေတာကြောင့် ဝါဂွမ်းနန်းတော်ဆိုပြီးနာမည်ကြီးတဲ့ ဒီရေပူစမ်း ကန်တွေဟာ ဒေသခံတွေနှင့်ခရီးသွားတွေကြားမှာအတော်လေးနာမည်ကြီးပါတယ်။
ဒါ့အပြင် ရေပူစမ်းဟာသတ္တုဓာတ်ကြွယ်ဝတာကြောင့် အသားအရေကိုပိုပြီးကောင်းမွန်စေတယ် ဆိုပြီးပါနာမည်ကြီးပါသေးတယ်။ ရေပူစမ်းရဲ့အခြေအနေအကောင်းဆုံးနှင့် သွားရောက် လည်ပတ်ဖို့အသင့်တော်ဆုံးအချိန်ကတော့ ဧပရယ်လကနေ ဂျွန်လအလယ်ပိုင်းလောက်အထိပဲ ဖြစ်ပါတယ်။ ကျန်တဲ့လတွေမှာဆိုရင် နှင်းကျလွန်းတာ ရေပူစမ်းခမ်းတာမျိုးပြဿနာလေးတွေ ဖြစ်တတ်ပါတယ်။

Source : getyourguide.com
#xda77 #xda77digital #ရေပူစမ်းအိုင်လေးများ #တူရကီနိုင်ငံ