ဘာစီလိုနာဂိုးသမား ‘တာစတီဂျန်’ကို ပစ်မှတ်ထားလာတဲ့ မန်စီးတီး

ဘာစီလိုနာစတား တာစတီဂျန်

မန်စီးတီးအသင်းဟာ ဂိုးသမားနေရာအတွက် ဘာစီလိုနာအသင်းနဲ့အဆင်မပြေဖြစ်နေတဲ့ တာစတီဂျန်ကို ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။ အီဒါဆန်ရဲ့အနာဂတ်က မသေချာသေးပဲ တူရကီ နဲ့ ဆော်ဒီကလပ်တွေက ချိတ်ဆက်မှုတွေပြုလုပ်နေပါတယ်။ အသက် ၃၁ နှစ်သားအနေနဲ့ အသင်းပြောင်းခဲ့မယ်ဆိုရင် ဂွါဒီယိုလာက ဂိုးသမားနေရာကို အစားထိုးဖို့ ပြင်ဆင်နေပါတယ်။

သတင်းတွေအရ မန်စီးတီးဟာ အီဒါဆန်နေရာအတွက် ဘာစီလိုနာစတား တာစတီဂျန်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ အေအက်စ်သတင်းဌာနကလည်း စီးတီးဟာ တာစတီဂျန်ကိုခေါ်ယူဖို့ ပြင်ဆင်နေပြီး ဘာစီလိုနာမှာ ဆက်ဇနီဂါစီယာတို့ရှိနေတာကြောင့် နေရာရဖို့မသေချာပဲ ထွက်ခွာနိုင်ချေရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာဘက်က လုပ်ခလစာလျော့ချနိုင်ဖို့ တာစတီဂျန်ကို ရောင်းထုတ်ဖွယ်ရှိနေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရှိနေတာကြောင့်လည်း ကစားသမားအနေနဲ့လည်း အနာဂတ်ကို စဉ်းစားဖွယ်ရှိနေပါတယ်။ ဘာစီလိုနာ နဲ့ ဂျာမန်သားတို့ကြားမှာ တင်းမာမှုတွေရှိနေပြီး အေအက်စ်သတင်းဌာနကတော့ စီးတီး နဲ့ ဂါလာတာစာရေးတို့ဟာ နည်းပါးတဲ့တန်ကြေးနဲ့ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

Source : soyfutbol.com

Leave a Reply

Your email address will not be published. Required fields are marked *