မိုဒရစ်နဲ့ ဗက်စ်ကွက်ဇ် ထွက်ခွာသွားပြီးနောက် အသင်းခေါင်းဆောင်သစ်တွေ ခန့်အပ်လိုက်တဲ့ ရီးရဲလ်မက်ဒရစ်

မိုဒရစ်နဲ့ ဗက်စ်ကွက်ဇ် ထွက်ခွာသွားပြီးနောက် အသင်းခေါင်းဆောင်သစ်တွေ ခန့်အပ်လိုက်တဲ့ ရီးရဲ လ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ လူကာမိုဒရစ်နဲ့ လူကပ်စ်ဗက်စ်ကွက်ဇ်တို့ အသင်းကနေ ထွက်ခွာသွားခဲ့တာကြောင့် လစ်လပ်နေတဲ့ အသင်းခေါင်းဆောင်နေရာတွေကို တရားဝင် ခန့်အပ်လိုက်ပါတယ်။

၂၀၂၄-၂၅ ရာသီမှာ မိုဒရစ်ရဲ့ ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ဒန်နီကာဗာဂျယ်ကို အသင်းခေါင်းဆောင်အသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ရာသီက ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ ကာဗာဂျယ်အတွက် အရေးပါတဲ့အချိန်အခါတစ်ခုလည်း ဖြစ်ပါတယ်။

ဒန်နီကာဗာဂျယ်

မိုဒရစ်ဗက်စ်ကွက်ဇ်တို့နဲ့အတူ အသင်းခေါင်းဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဖယ်ဒီရီကိုဗယ်ဗာဒီကတော့ ကာဗာဂျယ်ရဲ့ ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသွားမှာဖြစ်ပါတယ်။ အသင်းခေါင်းဆောင်အဖွဲ့မှာ ကော်တိုရစ်နဲ့ ဗင်နီစီးယက်စ်တို့ ပါဝင်လာပြီး ကော်တိုရစ်က တတိယအသင်းခေါင်းဆောင်၊ ဗင်နီစီးယက်စ်က စတုတ္ထအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသွားမှာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို အသင်းတာဝန်ရှိသူတွေနဲ့ နည်းပြ ဇာဘီအလွန်ဆိုတို့ ပူးပေါင်းပြီး ချမှတ်ခဲ့တာဖြစ်ပါတယ်။

Source : sports.yahoo.com

Leave a Reply

Your email address will not be published. Required fields are marked *