ဘာပေတစ်ယောက် ပြင်သစ်အသင်းကနေနုတ်ထွက်ခဲ့တာနဲ့ပတ်သက်ပြီး ချူအာမီနီ ထုတ်ဖော်ပြောကြား

ဘာပေတစ်ယောက် ပြင်သစ်အသင်းကနေနုတ်ထွက်

သတင်းတွေအရ ရီးရဲလ်စတား ဘာပေတစ်ယောက် ပြင်သစ်အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ်နည်းပြ ဒက်စ်ချမ့်ကတော့ ဘာပေဟာ ကြံ့ခိုင်မှုအခြေအနေကြောင့် နုတ်ထွက်ခဲ့တာလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း အခြားသူတွေကတော့ ဘာပေတစ်ယောက် ရီးရဲလ်အသင်းရဲ့ဖိအားပေးမှုအရ နိုင်ငံအသင်းကနေ နုတ်ထွက်ခဲ့တာလို့ ပြောဆိုနေကြပါတယ်။ ဘာပေဟာ ရီးရဲလ်အသင်းမှာပြသနေတဲ့ခြေစွမ်းမျိုး ပြင်သစ်အသင်းမှာမပြသနိုင်တာကြောင့် အချို့ပရိသတ်တွေရဲ့ဝေဖန်မှုနဲ့ရင်ဆိုင်နေရပါတယ်။

အမ်ဘာပေ

ဒါပေမဲ့လည်း ချူအာမီနီက ပြင်သစ်အသင်းခေါင်းဆောင် အသင်းကနေနုတ်ထွက်ခဲ့တာဟာ ရီးရဲလ်အသင်းဘက်က ဘာဖိအားပေးမှုမှမရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

“ကျွန်တော် ဘာပေ ၊ ဖာလန်းမန်ဒီတို့နဲ့စကားပြောဖြစ်ပါတယ်။ အဲ့တာက ဘယ်တုန်းကမှဖြစ်မလာပါဘူး။ ရုပ်ပိုင်းဆိုင်ရာပြဿနာကြောင့် ဘာပေက နုတ်ထွက်ခဲ့တာပါ။ ကလပ်အသင်းဘက်က ဖိအားပေးမှုမရှိပါဘူး”လို့ ချူအာမီနီက ပြောကြားခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ ကြာသပတေးနေ့မှာ အစ္စရေးနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် ဘယ်လ်ဂျီယံနဲ့ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Source : www.goal.com

#xda77 #xda77digital #အမ်ဘာပေ #ရီးရဲလ်မက်ဒရစ် #ပြင်သစ်အသင်း

Leave a Reply

Your email address will not be published. Required fields are marked *