အာဆင်နယ်အသင်းဟာ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်မှာ ချဲလ်ဆီးအသင်း ရဲ့တောင်ပံကစားသမား စတာလင် ကို တစ်ရာသီ အငှားနဲ့ စာချုပ်ချုပ်ခေါ်ယူ နိုင်ခဲ့ပါတယ်။ စတာလင် ဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ရာ လစာ လျော့ယူဖို့ ဆုံးဖြတ်ခဲ့သလို ဆော်ဒီကလပ် အသင်းတစ်သင်း ရဲ့ မက်လောက်စရာ ကမ်းလှမ်းမှုကိုလည်း ငြင်းဆန်ပယ်ချခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းနောက်ခံလူဟောင်း ဖာဒီနန် ကတော့ စတာလင် ဟာ အာဆင်နယ်အတွက် အကျိုးရှိတဲ့ ခေါ်ယူမှုဖြစ်လိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။ ” အခြေအနေတစ်ခုလုံး က တကယ့်ကိုမယုံနိုင်စရာပါပဲ။ ဒါပေမဲ့ ဒီလို ရှုပ်ထွေးတဲ့ အခြေအနေကနေ စတာလင် အသင်းသစ်ရသွားတဲ့အတွက် ကျွန်တော် ဝမ်းသာမိပါတယ် ၊ သူကိုယ်တိုင်လည်း သူ ကစားချင်တဲ့ကလပ်မှာ ကစားခွင့်ရသွားတယ် ဆိုရမှာပေ့ါဗျာ။”

”နောက်ပီး သူ က လစာလျော့ယူပြီး အာဆင်နယ် ကို ပြောင်းလာတာပါ။ အာဆင်နယ် အသင်းက သူ့အတွက် အငှားကြေးလည်း မပေးရပါဘူး။ အာဆင်နယ်အသင်းအတွက် ကောင်းမွန်တဲ့ စီးပွားရေးပါပဲ ၊ သူက အာဆင်နယ် ကို ပြောင်းဖို့ လစာ ထက်ဝက်ကျော်ကို လျှော့ယူ ခဲ့တယ်လို့ ကြားပါတယ်။”
”အာဆင်နယ် ဘက်က ကြည့်ရင် တကယ့်ကို အမြတ်ထွက်တဲ့ ခေါ်ယူမှုပါပဲ။ ပရီးမီးယားလိဂ် လေးကြိမ် ရထားတဲ့ ၊ ဘာလုပ်ရမလဲ ဆိုတာ ကောင်းကောင်းသိတဲ့ဝါရင့် ဝောာင်ပံ ကစားသမား တစ်ဦးကိုရလိုက်တာပါ၊ နောက်ပြီး မန်ချက်စတာ ယူနိုက်တက် ကလွဲလို့ ဒီနိုင်ငံရဲ့ အကောင်းဆုံး အသင်းတွေမှာလည်း ကစားခဲ့ဖူးပါတယ် ၊ အင်္ဂလန် အတွက်လည်း ပွဲ ၈၀ ကျော် ကစားထားသူပါ ၊ ဆုဖလားတွေ ဘယ်လို ယူရမလဲဆိုတဲ့ လမ်းကြောင်းကို ကောင်းကောင်းသိပါတယ်။ ဒါက အဖိုးမဖြတ်နိုင်စရာပါပဲ။ ” လို့ ပြောကြားသွားခဲ့ပါတယ်။
Source: metro.co.uk
#xda77 #xda77digital