Iron Man ဇာတ်ကောင်ကို AI နည်းပညာဖြင့် ပုံစံတူပြန်လည်ဖန်တီးခွင့်မပြုဟု ရောဘတ်ဒေါင်နီ ဂျူနီယာပြော

Iron Man ဇာတ်ကောင်ကို AI နည်းပညာဖြင့် ပုံစံတူပြန်လည်ဖန်တီးခွင့်မပြု

Iron Man ဖြစ်သော Tony Stark ဇာတ်ကောင်ကို AI နည်းပညာများအသုံးပြုကာ ပုံစံတူပြန်လည်ဖန်တီးရန်လုပ်ဆောင်မည်ဆိုပါက Marvel အမှုဆောင်အဖွဲ့ကို တရားစွဲဆိုမှုများလုပ်ဆောင် သွားမည်ဖြစ်ကြောင်း Tony Stark ဇာတ်ကောင်သရုပ်ဆောင် ရောဘတ်ဒေါင်နီဂျူနီယာက ပြောလိုက်ပါတယ်။

Iron Man ဇာတ်ကောင်ကို AI နည်းပညာဖြင့် ပုံစံတူပြန်လည်ဖန်တီးခွင့်မပြု

AI နည်းပညာဖြင့် ဖန်တီးထားသောဗားရှင်းကို ခွင့်ပြုပေးမည့် အနာဂတ်အမှု ဆောင်များအားလုံးကို တရားစွဲဆိုရန် ရည်ရွယ်ထား ကြောင်းကိုလည်း အော်စကာဆုရ ရုပ်ရှင် သရုပ်ဆောင် ရောဘတ်ဒေါင်နီဂျူနီယာက အမေရိကန်သတင်းထောက် ကာရာဆွစ်ရှာနှင့်အင်တာဗျူးတစ်ခုအတွင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

ထို့ပြင် Iron Man အဖြစ် ၎င်း၏အခန်းကဏ္ဍနှင့်ပတ်သက်ပြီးပြောကြားရာတွင် ၎င်း၏ပုံစံတူကို AI နည်းပညာဖြင့် ပြန်လည်ဖန်တီးသည်ကို မလိုလားကြောင်း ရောဘတ်ဒေါင်နီဂျူနီယာကပြောကြားခဲ့ပြီး ၎င်းက”ကျွန်တော့်ရဲ့ ဇာတ်ကောင်ကို တခြားလူတစ်ယောက်က သရုပ်ဆောင်မှာကို မစိုးရိမ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ရှိနေရဲ့နဲ့ အဲဒီလိုဆုံးဖြတ်ချက်တွေကို ဘယ်တော့မှချမှာ မဟုတ်တဲ့ လူ(၃)ယောက်၊(၄)ယောက်လောက်ရှိလို့ပါ”ဟု ပြောဆိုခဲ့ပါတယ်။

ထို့ပြင် အဆိုပါဖန်တီးမှုကို ခွင့်ပြုပေးမည့် အမှုဆောင်များအားလုံးသည် နောက်ဆုံးတွင် အစားထိုးခံရလိမ့်မည်ဖြစ်ကြောင်း ကာရာဆွစ်ရှာက မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။

ရောဘတ်ဒေါင်နီဂျူနီယာက “ဟုတ်ပါတယ်။ မှန်ပါတယ်။ ကျွန်တော်ပြောချင်တာက အနာဂတ်အမှုဆောင်တွေအားလုံးကို သတ်မှတ်ချက်တွေတစ်ခုတည်းနဲ့တင် တရားစွဲဆိုဖို့ ရည်ရွယ်ထားတယ်လို့ ဆိုလိုတာပါ။ ကျွန်တော့်ရဲ့ ဥပဒေကုမ္ပဏီ အမြဲတမ်းအသင့်ဖြစ်နေမှာပါ”ဟု ပြောလိုက်ပါတယ်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်တောင်းဆိုမှုများကို Marvel Studios ၏ကိုယ်စားလှယ်များနှင့် ရောဘတ်ဒေါင်နီဂျူနီယာတို့က ချက်ချင်းပြန်လည်တုံ့ပြန်ဖြေ ကြားခြင်းမျိုး မရှိသေးကြောင်းလည်း သိရပါတယ်။

Source: fastcompany.com

#xda77 #xda77digital #TonyStark #IronManAI #ရောဘတ်ဒေါင်နီဂျူနီယာ

Leave a Reply

Your email address will not be published. Required fields are marked *