ရောဘက်ပက်တင်ဆန် “Running Man” မှာ Cameo အဖြစ် ပါဝင်လာဖို့ ပရိသတ်တွေ မျှော်လင့်

ရောဘက်ပက်တင်ဆန် xda77

Twilight မင်းသား ရောဘက်ပက်တာဆန်ဟာ ဇန်နဝါရီလ ၂၀ ရက် နံနက်က၊ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ CGV Yongsan I’Park Mall မှာ သူ့ရဲ့ရုပ်ရှင်သစ် “Mickey 17” အတွက် သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့ပါတယ်။

အဲဒီနောက် ရောဘက်ပက်တာဆန်ကို ဆိုးလ်မြို့၊ ဆိုးချွန်းဧရိယာမှာ “Running Man” အဖွဲ့ဝင်တွေနဲ့အတူ တွေ့ခဲ့ရတာကြောင့် နာမည်ကြီး SBS ရှိုးမှာ ရောဘက်ပက်တာဆန် ပါဝင်လာနိုင်တယ်လို့ ပရိသတ်တွေက ထင်ကြေးပေးခဲ့ကြတာပါ။

အဲဒီ ကောလာဟလတွေကို ဖြေရှင်းတဲ့အနေနဲ့ Running Man ကိုယ်စားလှယ်တစ်ဦးက “ရောဘက်ပက်တာဆန် ဟာ Running Man မှာ တရားဝင် ဧည့်သည်အဖြစ် ပါလာမှာ မဟုတ်ပါဘူး။ ပုံတွေဟာ ‘Running Man’ ရိုက်ကူးရေးနေရာကို ဖြတ်သွားဖြတ်လာရင်း ခဏကြည့်ရှုခဲ့တာဖြစ်တယ်” လို့ ဆိုပါတယ်။

လက်ရှိရိုက်ကူးနေတဲ့ Running Man အပိုင်းကိုတော့ ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရောဘက်ပက်တာဆန်ဟာ လက်ရှိ “Parasite” ရုပ်ရှင် ဒါရိုက်တာ ဘွန်ဂျွန်ဟို ရိုက်ကူးတဲ့ သိပ္ပံ ဇာတ်ကားသစ် “Mickey 17” ရုပ်ရှင် ပရိုမိုးရှင်းအတွက် တောင်ကိုရီးယားကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

Source : soompi.com

Leave a Reply

Your email address will not be published. Required fields are marked *