ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ ကြက်ရုပ်ပုံစံ ဆန်းသစ်ထားတဲ့ ဟိုတယ်တစ်ခုဟာ ကမ္ဘာ့အကြီးဆုံး ကြက်ပုံသဏ္ဍာန် အဆောက်အအုံအဖြစ် ဂင်းနစ်မှတ်တမ်း ကမ္ဘာ့စံချိန်တင် ဂုဏ်ပြုခံရပါတယ်။
ဟိုတယ်ဟာ ဖိလစ်ပိုင် အလယ်ပိုင်း ရီဂရိုစ်အိုစီဒန်တယ်လ်ပြည်နယ်မှာတည်ရှိပြီး ဒေသခံခရီးသွားတွေကို ဆွဲဆောင်ရာ Campuestohan Highland Resort ရဲ့ တစိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ဟိုတယ်မှာ အနံ ၁၂ မီတာ၊ အလျား ၂၈ မီတာ၊ အမြင့် ၃၅ မီတာရှိပြီး ကြက်ရုပ် ပုံစံဆောက်လုပ်ထားပါတယ်။

အဲဒီကြက်ရုပ်ကြီးဟာ အထပ် ၁၃ ထပ် ခန့်ရှိပြီး အထပ်တစ်ခုစီဟာ ၂.၆ မီတာခန့်မြင့်ပါတယ်။ အဲဒီ အဆောက်အအုံကို ကာနိုလို့ လူသိများတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် ရီကာဒိုတန်က ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ “Manok ni Cano Gwapo” (Handsome Cano’s Chicken)လို့ နာမည်ပေးထားတဲ့ အဲဒီဟိုတယ်မှာ ရုပ်မြင်သံကြား၊ မိသားစုလိုက်တည်းနိုင်တဲ့ ကုတင်ကြီးတွေနဲ့ လေအေးပေးစက်တွေ တပ်ဆင်ထားတဲ့ အခန်း (၁၅)ခန်းပါရှိပါတယ်။ အခန်းခနှုန်းထားတွေကတော့ တစ်ညကို ပီဆို ၄,၅၀၀ က စတယ်လို့ ဆိုပါတယ်။

အဆောက်အအုံဒီဇိုင်းအတွက် ကြက်ပုံစံကို ရွေးချယ်ခဲ့ခြင်းကတော့ ကြက်ဖရဲ့ “တည်ငြိမ်ပြီး ခံ့ညားသန်မာတဲ့” အသွင်အပြင်ဟာ ဒေသခံတွေရဲ့ သဘောထားကို ထင်ဟပ်စေခြင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဟိုတယ်အဆောက်အအုံကို ၂ဝ၂၃ ခုနှစ် ဇွန်လ ၁၀ ရက်က စတင်တည် ဆောက်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာ ၈ ရက်မှာ ပြီးစီးခဲ့တာ ဖြစ်ပါတယ်။
Source: hotelmanagement-network.com
#xda77 #xda77digital #ဖိလစ်ပိုင်ဟိုတယ် #ကြက်ရုပ်ပုံစံဟိုတယ် #ဂင်းနစ်မှတ်တမ်းဟိုတယ် #ကြက်ဖရဲ့အသွင်အပြင်