ဇက်ခ်ဇီကို စောစောစီးစီးလူစားလဲခဲ့တဲ့ ဆုံးဖြတ်ချက်ကို ရှင်းပြလာတဲ့ အာမိုရင်

ဂျိုရှူးဝါးဇက်ခ်ဇီ

ယနေ့နံနက်က နယူးကာဆယ်ကို ဝ-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ဟာ အသင်းရဲ့တိုက်စစ်မှူး ဂျိုရှူးဝါးဇက်ခ်ဇီကို ပထမပိုင်းမပြီးခင်မှာပဲ လူစားလဲခဲ့ပြီး ယခုအခါမှာတော့ စောစောစီးစီးလူစားလဲခဲ့တဲ့ ဆုံးဖြတ်ချက်ကို ရှင်းပြလာခဲ့ပါတယ်။

ဒါ့အပြင် ပေါ်တူဂီသားက အခုလို စောစောစီးစီးလူစားလဲခဲ့ခြင်းက ကစားသမားအတွက်လည်း ခက်ခဲစေမယ်ဆိုတာ နာလည်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
ယခုရှုံးပွဲကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁၄ နေရာမှာရပ်တည်နေပြီး တန်းဆင်းဇုန်နဲ့ ရမှတ် ၇ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၆၂-၆၃ ခုနှစ်ရာသီနောက်ပိုင်း ယူနိုက်တက်ဟာ ပထမဆုံး အကြိမ်အဖြစ် အိမ်ကွင်းမှာ ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

ယခုပွဲစဉ်မှာ အာမိုရင်ဟာ အသင်းရဲ့တိုက်စစ်ပိုင်းမှာ ဇက်ခ်ဇီနဲ့ ဟွိုက်လန်းတို့ကို တွဲဖက်ပွဲထုတ်လာခဲ့ပြီး အာမက်ဒီယာလိုကို ညာတောင်ပံနေရာမှာ ကစားစေခဲ့ပါတယ်။ သို့သော်လည်း အဆိုပါလူစာရင်းက ပုံစံကောင်းရဖို့ရုန်းကန်ခဲ့ရတာကြောင့် ပွဲကစားချိန် ၃၃ မိနစ်မှာပဲ ပေါ်တူဂီသားဟာ ဇက်ခ်ဇီကိုထုတ်ပယ်ပြီး ကိုဘီမိုင်နူးကို ထည့်သွင်းခဲ့ပါတယ်။

ဇက်ခ်ဇီဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် စုစုပေါင်း ၂၇ ပွဲကစားပြီး ၃ ဂိုးသွင်းယူထားနိုင်ခဲ့ကာ ယခုအခါမှာတော့ အာမိုရင်က နယ်သာလန်လက်ရွေးစင်ကို ဘာကြောင့် စောစောစီးစီးလူစားလဲခဲ့ဆိုတာ ရှင်းပြလာပါတယ်။

ပေါ်တူဂီသားက “ကစားသမားတိုင်းက အသင်းကောင်းဖို့အတွက် ကြည့်ရပါမယ်။ ကစားသမားက ပွဲထဲမှာ နာကျင်မှုကို အနည်းငယ်ခံစားနေရပုံပေါ်ပါတယ်။ ကျွန်တော်တို့ နောက်ထပ် ကွင်းလယ်လူတစ်ယောက် လိုအပ်နေခဲ့ပါတယ်။ ဒီလိုလူစားလဲဖို့က သူ့အတွက်ရော ကျွန်တော့်အတွက်ရော ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါ။

ဒါကြောင့် သူ့ကို ကျွန်တော်က အသင်းအတွက်ကြည့်ခဲ့တာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ ဇက်ခ်ဇီက အရမ်းကောင်းတဲ့ကစားသမား တစ်ယောက်ပါ။ အဝတ်လဲခန်းထဲကိုသွားတဲ့လမ်းမှာ သူဘယ်လို ခံစားနေရမလဲ ကျွန်တော်နားလည်ပါတယ်။ ဘဝက ဒီလိုပါပဲ။ ကျွန်တော်တို့ သူ့ကိုအားပေးပြီး ဆက်သွားရပါမယ်။ နယူးကာဆယ်က မန်ချက်စတာယူနိုက်တက်အတွက်ပိုကောင်းခဲ့ပေမဲ့ သူတို့ ဇက်ခ်ဇီထက်တော့ ပိုမကောင်းခဲ့ပါဘူး” လို့ပြောကြားခဲ့ပါတယ်။

Source : uk.sports.yahoo.com

#မန်ချက်စတာယူနိုက်တက် #အာမိုရင် #ဇက်ခ်ဇီ #နယူးကာဆယ် #ဟွိုက်လန်း #အာမက်

Leave a Reply

Your email address will not be published. Required fields are marked *