အမေရိကန်အဆိုတော်၊ သရုပ်ဆောင် ဆလီနာဂိုးမက်(ဇ်)ဟာ ဒီဇင်ဘာ ၁၁ ရက် နှောင်းပိုင်းက ချစ်သူ အမေရိကန် ဓာတ်ပြားထုတ်လုပ်သူ ဘန်နီဘလန်ကိုနဲ့ စေ့စပ်ကြောင်းလမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ဆယ်လီနာ(အသက် ၃၂ နှစ်) က သူမရဲ့ အင်စတာဂရမ်မှာ “Forever begins now” ဆိုတဲ့ caption နဲ့ သူမရဲ့စေ့စပ်လက်စွပ်ပုံ၊ ချစ်သူ ဘလန်ကိုနဲ့ ပွေ့ဖက်နမ်းရှုပ်နေတဲ့ပုံကို မျှဝေခဲ့ပါတယ်။
အဆိုပါ post ရဲ့ comment မှာ အသက် ၃၆ နှစ်အရွယ် ဘလန်ကို က “Hey wait… that’s my wife” လို့ ရေးသားခဲ့ပြီး နှစ်ယောက်သားရဲ့စေ့စပ်ကြောင်းလမ်းမှုကို အတည်ပြုခဲ့ပါတယ်။


သူမရဲ့ post အောက်မှာ အမေရိကန်မင်းသမီး ဂျန်နီဖာအနီစတန်၊ အမေရိကန်ရက်ပ်အဆိုတော် Lil Nas X ၊ ဗြိတိန်နာမည်ကြီး စားဖိုမှူး ဂေါဒန်မန်ဆေတို့က ချီးကျူးဂုဏ်ပြုခဲ့ကြသလို ဆလီနာရဲ့ သူငယ်ချင်းကောင်း အမေရိကန်အဆိုတော် တေလာဆွဖ်ကလည်း ပန်းကြဲအနေနဲ့ ပါဝင်ကူညီသွားမယ်လို့ ရေးသားခဲ့ပါတယ်။
ဆလီနာဟာ ဘလန်ကိုနဲ့ သူမရဲ့ ဒုတိယမြောက် စတူဒီယိုအယ်လ်ဘမ် Revival (2015) နဲ့ ပတ်သက်ပြီး စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ စတင် date ခဲ့ကြတာ ဖြစ်ပါတယ်။
ဆလီနာဟာ အမေရိကန် နာမည်ကြီးအဆိုတော်၊ သရုပ်ဆောင်ဖြစ်ပြီး ကနေဒါအဆိုတော်ဂျက်စတင်ဘီဘာ၊ The Weeknd တို့လို နာမည်ကြီးတွေနဲ့ ဒိတ်ခဲ့ဖူးပါတယ်။
Source : cosmopolitan.com.mx
#ဆလီနာဂိုးမက်(ဇ်) #ဘန်နီဘလန်ကို #တေလာဆွဖ် #စေ့စပ်ပြီး #ဂျက်စတင်ဘီဘာ