(၂၀၂၅) ခုနှစ်အစောပိုင်းတွင် မိန်းကလေးအဖွဲ့သစ်တစ်ဖွဲ့ ပွဲဦးထွက်လာမည်

၂၀၂၅-ခုနှစ်အစောပိုင်းတွင်-မိန်းကလေးအဖွဲ့သစ်တစ်ဖွဲ့-ပွဲဦးထွက်လာမည်

(၂၀၂၅) ခုနှစ်အစောပိုင်းတွင် မိန်းကလေးအဖွဲ့သစ်တစ်ဖွဲ့ ပွဲဦးထွက်လာမည့် အစီအစဉ်များကို SM Entertainment ကုမ္ပဏီက ထုတ်ပြန်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါပွဲဦးထွက်မှုသည် (၂၀၂၀)ခုနှစ်တွင် Aespa မိန်းကလေးအဖွဲ့ထွက်ပေါ်လာပြီးနောက်ပိုင်း SM Entertainment ကုမ္ပဏီ၏ ပထမဆုံးအကြိမ် မိန်းကလေးအဖွဲ့တစ်ဖွဲ့ ပွဲဦးထွက်လာခြင်းဖြစ်သည်။ SM Entertainment ကုမ္ပဏီသည် နိုဝင်ဘာလ(၅)ရက်တွင် အဆိုပါကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ SM Entertainment ကုမ္ပဏီ၏ ပူးတွဲစီအီးအို Cheol Hyuk က

“ကျွန်တော်တို့ရဲ့ ရှိရင်းစွဲ အနုပညာရှင်အဖွဲ့တွေအပြင် SM Entertainment ဟာ အနုပညာရှင်အသစ်တွေကို ပြီးခဲ့တဲ့နှစ်တည်းက ဆက်တိုက်ပွဲထုတ်ခဲ့တာဖြစ်ပြီး K-pop ရဲ့ မျိုးဆက်တွေအားလုံးမှာ ကျယ်ပြန့်တဲ့ဖန်တီးမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ လာမဲ့နှစ်မှာ မိန်းကလေးအဖွဲ့သစ်တစ်ဖွဲ့ ပွဲဦးထွက်လာမှုနဲ့အတူ ကျွန်တော်တို့ရဲ့အနုပညာရှင်လမ်းကြောင်းကို ပိုမိုခိုင်မာအောင်လုပ်ဆောင်နိုင်တော့မှာပါ”ဟု ပြောဆိုခဲ့သည်။

SM Entertainment ကုမ္ပဏီသည် (၂၀၂၄)ခုနှစ် တတိယသုံးလပတ်တွင် ဝင်ငွေ(၉)ရာခိုင်နှုန်း ဝမ် (၂၄၂ ဒသမ ၂)ဘီလျံကျဆင်းခဲ့ပြီး လုပ်ငန်းလည်ပတ်မှုအမြတ်များလည်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။ အဆိုပါကျဆင်းမှုသည် လက်အောက်ခံကုမ္ပဏီများ၏ရောင်းချမှုအား လျော့ကျလာခြင်းနှင့် ၎င်း၏ ပထမဆုံးဗြိတိသျှယောက်ျားလေးအဖွဲ့ Dear Alice အတွက် ထုတ်လုပ်မှုစရိတ်များ တိုးမြင့်လာခြင်းကြောင့်ဖြစ်ကြောင်း ပြောဆိုထားသည်။

SM Entertainment ကုမ္ပဏီသည် လက်ရှိအနုပညာရှင်များအတွက် ၎င်း၏အစီအစဉ်များကို မျှဝေခဲ့ပြီး အနုပညာလှုပ်ရှားမှုနှင့်ပတ်သက်ပြီး ဝင်ငွေများတည်ငြိမ်စေရန်အတွက် လက်ရှိအနုပညာရှင်များကို မြှင့်တင်ပေးနိုင်ရန် အာရုံစိုက်နေကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် NCT Dream နှင့် Red Velvet ကဲ့သို့သော ပရိသတ်အနှစ်သက်ဆုံးအဖွဲ့များကို အယ်လ်ဘမ်အသစ်ထုတ်ခြင်း၊ ရောင်းကုန်များနှင့် ကမ္ဘာလုံးဆိုင်ရာ ဖျော်ဖြေပွဲအရေအတွက် တိုးလာအောင်လုပ်ဆောင်ပေးခြင်းဖြင့် ပံ့ပိုးကူညီပေးရန် SM Entertainment ကုမ္ပဏီက စီစဉ်နေကြောင်းလည်း သိရသည်။

Source: cnalifestyle.channelnewsasia.com

#xda77 #xda77digital #SMEntertainment #မိန်းကလေးအဖွဲ့ #အနုပညာရှင်အသစ် #အယ်လ်ဘမ်အသစ်

Leave a Reply

Your email address will not be published. Required fields are marked *