တောင်ကိုရီးယား မင်းသမီး လီဆီယောင်း အိမ်ထောင်သက် (၈)နှစ်အကြာမှာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်စဲ

တောင်ကိုရီးယား မင်းသမီး လီဆီယောင်း

တောင်ကိုရီးယား မင်းသမီး လီဆီယောင်း (၄၂)နှစ်နဲ့ ခင်ပွန်းဖြစ်သူဟာ အိမ်ထောင်သက် ရှစ်နှစ်ကြာပြီးနောက်မှာ လမ်းခွဲပြတ်စဲလိုက်ကြတယ်လို့ သိရပါတယ်။

နာမည်ကျော် Boys over flower, Netflix ရဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲ Sweet Home နဲ့ လူသိများပြီး Tiktok မှာ ရယ်မောစရာ ဗီဒီယိုအတိုလေးတွေ အမြဲတင်ဆက်ပေးနေတာကြောင့် ပရိသတ်များစွာရဲ့ချစ်ခင်မှုကိုရရှိထားတဲ့ တောင်ကိုရီးယားကြယ်ပွင့် လီဆီယောင်းဟာ ၂၀၁၇ ခုနှစ် အချိန်က စားသောက်ဆိုင်လုပ်ငန်းရှင် ချိုဆမ်ဟွမ်နဲ့ လက်ထပ်ခဲ့ပါတယ်။


၂၀၁၈ ခုနှစ်မှာတော့ ပထမဆုံး သားဦးကို မွေးဖွားခဲ့ပါတယ်။ တနင်္လာနေ့ (မတ်လ ၁၇ ) ရက်က တောင်ကိုရီးယား သတင်းမီဒီယာ YTN ရဲ့ ဖော်ပြချက်အရ သူတို့စုံတွဲဟာ ယခုနှစ်အစောပိုင်းကတည်းက ကွာရှင်းပြတ်စဲကြောင်း စာရွက်စာတမ်းတွေကို ဆိုးလ်မိသားစု တရားရုံးမှာ တင်သွင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကို လီဆီယောင်းရဲ့ အေဂျင်စီ Ace Factory ကလည်း တနင်္လာနေ့(မတ်လ ၁၇ ရက်) က အတည်ပြုခဲ့ပြီး နှစ်ဦးသဘောတူ ကွာရှင်းရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လီစီယောင်းဟာ ၂၀၀၈ ခုနှစ်က သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့ပြီး ကိုရီးယားဒရမ်မာ Boys Over Flowers ၊ We Got Married ဒရမ်မာတွေမှာ ရေပန်းစား၊ နာမည်ရလာခဲ့သူ ဖြစ်ပါတယ်။ လက်ဝှေ့အားကစားမယ်တစ်ဦးလည်းဖြစ်ပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိအတွင်း လက်ဝှေ့ပြိုင်ပွဲများစွာကို အနိုင်ရရှိခဲ့ဖူးပါတယ်။

Source : cnalifestyle.channelnewsasia.com

Leave a Reply

Your email address will not be published. Required fields are marked *