K-pop အဆိုတော် IU က ဆန္ဒပြပြည်သူတွေကို အစားအစာနဲ့ အချိုရည်များ ထောက်ပံ့

K-pop အဆိုတော် IU

တောင်ကိုရီးယားနိုင်ငံရဲ့ K-pop စူပါစတား IU ဟာ သမ္မတ ယွန်ဆက်ယိုလ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေအတွက် ပူပူနွေးနွေးအစားအစာနဲ့ အချိုရည်တွေ ထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့ သူမရဲ့အေဂျင်စီ Edam Entertainer က ဒီဇင်ဘာ ၁၃ ရက်က ပြောကြားခဲ့ပါတယ်။

Edam Entertainment ရဲ့တရားဝင် fan cafe ပို့စ်တစ်ခုမှာ IU ဟာ ရာသီဥတုအေးစက်နေတဲ့အချိန်မှာ ဆန္ဒပြကြမဲ့ IU ပရိသတ် (Uaena) တွေကို နွေးထွေးမှုပေးလိုတယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒီအစီအစဉ်ကြောင့် ပတ်ဝန်းကျင်ကို တောက်ပစေတဲ့ Uaena တို့ရဲ့လက်လေးတွေ အနည်းငယ်မျှ ပူနွေးလာမယ်လို့ မျှော်လင့်ပါတယ်” လို့ အေဂျင်စီပို့စ်မှာ ဖော်ပြထားပါတယ်။
IU ပေးပို့ထောက်ပံ့ပေးမဲ့အစားအစာတွေမှာ မုန့် ၁၀၀ ၊ အချိုရည် ၁၀၀၊ ဟင်းချိုပန်းကန် ၁၀၀၊ အမဲရိုးစွပ်ပြုတ် ပန်းကန် ၁၀၀ နဲ့ ဆန်ကိတ် ၁၀၀ တို့ ပါဝင်သွားမယ်လို့ သိရပါတယ်။
တောင်ကိုရီးယားမှာ ပြီးခဲ့တဲ့သီတင်းပတ် စစ်အုပ်ချုပ်ရေး အရေးပေါ်ကြေညာခဲ့ခြင်းနဲ့ပတ်သက်ပြီး သမ္မတ ယွန်ဆက်ယိုလ်ကို ဒေါသထွက်ကြောင်းနဲ့ အပြစ်တင်ကြောင်း ဖော်ပြဖို့ လမ်းမတွေမှာ လူငယ်တွေ ဆန္ဒပြလှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။

Source : dimsumdaily.hk

#iu #southkorean #protesters #ယွန်ဆက်ယိုလ်

Leave a Reply

Your email address will not be published. Required fields are marked *