Squid Game ကို ဖန်တီးရင်း သွား(၈)ချောင်းလောက် ကျွတ်သွားခဲ့တယ်လို့ ဒါရိုက်တာ ဟွမ်ဒေါင်ဟွက်ခ် ပြော

ဒါရိုက်တာ ဟွမ်ဒေါင်ဟွက်ခ်

ကမ္ဘာကျော်တောင်ကိုရီးယား Netflix စီးရီးတစ်ခုဖြစ်တဲ့ Squid Game Season 1 ကို ဖန်တီးရခြင်းကြောင့် သွား (၈)ချောင်းလောက် ဆုံးရှုံးခဲ့ရတယ်လို့ ဒါရိုက်တာ ဟွမ်ဒေါင်ဟွက်ခ်က BBC ကို ပြောကြားခဲ့ပါတယ်။

Squid Game season 2 အတွက် ပြင်ဆင်နေခြင်းဟာ ငွေကြေးအတွက်လို့ ယူဆရပေမဲ့ ဟွမ်ကတော့ လူတိုင်းထင်ထားသလို ဒီဇာတ်ကားရဲ့ အောင်မြင်မှုကနေ ပိုက်ဆံအများကြီး မရှာနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ “ပထမစီးရီးက ဒီလောက် ကမ္ဘာနဲ့ချီပြီး အောင်မြင်ခဲ့ပေမဲ့ ရိုးရိုးသားသားပြောရရင် ကျွန်တော် အများကြီး မလုပ်နိုင်ခဲ့ပါဘူး၊ ဒါကြောင့် ဒုတိယစီးရီးက ပထမစီးရီးရဲ့ အောင်မြင်မှုကို ကူညီပံ့ပိုးပေးပါလိမ့်မယ်၊ ပြီးတော့ ကျွန်တော်တို့ ဇာတ်လမ်းက အပြည့်အဝ မပြီးခဲ့သေးပါဘူး”လို့ ဆိုပါတယ်။

Squid Game Season 2 ကို လာမဲ့ ဒီဇင်ဘာ ၂၆ ရက်မှာ ရုံတင်ပြသဖို့ စီစဉ်ထားပြီး ပြီးခဲ့တဲ့ ဇူလိုင်လက စတင်ရိုက်ကူးခဲ့ပါတယ်။ ခေါင်းဆောင်မင်းသားဖြစ်တဲ့ မင်းသား လီဂျန်ဂျေ(ဂီဟွန်း) က Squid Game ကို ဖျက်စီးဖို့ ပြန်လည်ရောက်ရှိလာမယ့် ကစားသမားအဖြစ် ပြန်လည်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Squid Game season 2 မှာလည်း Season 1 ကလို ကြီးမားတဲ့ ဝင်္ကပါတွေ၊ ပိုကြီးတဲ့ အိပ်ဆောင်တွေနဲ့ ပိုမိုကြီးမားတဲ့ တင်းမာမှုအပါအဝင် အံ့သြဖွယ်လှည့်ကွက်တွေ ပါဝင်လာမယ်လို့ သိရပါတယ်။

Source : variety.com

#SquidGame #Netflix #Season2 #ဟွမ်ဒေါင်ဟွက်ခ် #ကမ္ဘာကျော်စီးရီး #လီဂျန်ဂျေ #အောင်မြင်မှု #ရိုက်ကူးမှု
#ဇာတ်လမ်း #အံ့သြဖွယ်လှည့်ကွက်

Leave a Reply

Your email address will not be published. Required fields are marked *