30th Critics Choice Awards မှာ အကောင်းဆုံး နိုင်ငံခြားဘာသာစကားစီးရီးကို “Squid Game Season 2” ရရှိ

30th Critics Choice Awards မှာ Squid Game Season 2 ရရှိ

အမေရိကန်မှာပြုလုပ်တဲ့ ၂၀၂၄ ခုနှစ်ရဲ့ နိုင်ငံတကာ ရုပ်ရှင်ရိုက်ကူးမှုနဲ့ ရုပ်မြင်သံကြားအစီအစဉ် ဂုဏ်ပြုဆုပေးပွဲ Critics Choice Awards မှာ “Squid Game Season 2” က ဆုတံဆိတ်တစ်ခု ရယူနိုင်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Santa Monica မှာ ဖေဖော်ဝါရီလ ၇ ရက်က ကျင်းပတဲ့ အကြိမ် (၃၀)မြောက် Critics Choice Awards မှာ “Squid Game Season 2” က ယခုနှစ်အတွက် အကောင်းဆုံးနိုင်ငံခြားဘာသာစကားစီးရီးဆုကို လျာထားခံထားရတဲ့ “Pachinko” (2023) “Acapulco” “Citadel: Honey Bunny” “La Máquina” “The Law according to Lidia Poët” “My Brilliant Friend” နဲ့ “Senna” ရုပ်ရှင်စီးရီးတွေကို ကျော်ဖြတ်ပြီး ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။

“Squid Game”ဟာ အကောင်းဆုံးနိုင်ငံခြားဘာသာစကားစီးရီးကိုရရှိတာဟာ အခုနဲ့ဆိုရင် နှစ်ကြိမ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ Squid Game Season 1 က ၂၀၂၂ ခုနှစ်တုန်းကလည်း အကောင်းဆုံးနိုင်ငံခြားဘာသာ စီးရီးဆုကိုရယူခဲ့ဖူးပြီး မင်းသား လီဂျန်ဂျေးဟာလည်း အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

အကြိမ် (၃၀)မြောက် Critics Choice Awards ဆုပေးပွဲကို ဇန်နဝါရီ ၁၂ ရက်မှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမဲ့ လော့စ်အိန်ဂျလိစ် တောမီးကြောင့် ဖေဖော်ဝါရီလထဲကို ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

Source : koreatimes.co.kr

Leave a Reply

Your email address will not be published. Required fields are marked *