Warner Bros ရဲ့ ၂၀၂၅ ခုနှစ်အတွင်း ရုံတင်မဲ့ “Superman” ရုပ်ရှင်ရဲ့မူပိုင်ခွင့်နဲ့ပတ်သက်ပြီး Superman တွဲဖက် ဖန်တီးရှင်တစ်ဦးက Warner Bros Discovery ကို အမေရိကန်တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

“Superman” လို့ အမည်ပေးထားတဲ့ ရုပ်ရှင်သစ်ဟာ DC Comics ရဲ့ရုပ်ရှင်ပြန်ရိုက်ဖို့ စီစဉ်ထားတဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒါကို နာမည်ကျော် စူပါဟီးရိုးကို ဖန်တီးခဲ့တဲ့ illustrator ဂျိုးဇက် ရှူစတာနဲ့ စာရေးဆရာ ဂျီရိုမီဆီဂယ်လ်တို့ရဲ့ပိုင်ဆိုင်မှုနဲ့ ဇန်နဝါရီ ၃၁ ရက်က နယူးယောက်မြို့ ပြည်ထောင်စုတရားရုံးမှာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။
Superman ဇာတ်ကားအတွက် လုပ်ပိုင်ခွင့်ကို Shuster and Siegel က Warner ရဲ့ လက်အောက်ခံ၊ Detective Comics ကို လိုင်စင်ထုတ်ပေးခဲ့တာဖြစ်ပေမဲ့ ဗြိတိန်ဥပဒေအရ Shuster အတွက် ဒီလိုလုပ်ပိုင်ခွင့်ဟာ ၂၀၁၇ ခုနှစ်တည်းက ကုန်ဆုံးသွားပြီဖြစ်တာကြောင့် အခုလိုတရားစွဲဆိုခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဗြိတိန်၊ ကနေဒါ၊ ဩစတေးလျနဲ့ အမေရိကန်ပြင်ပရှိ အခြားနိုင်ငံတွေမှာ Superman ကို အသုံးပြုရာမှာ အခကြေးငွေပေးဆောင်ဖို့ကိုလည်း Warner က ပျက်ကွက်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
ဒါရိုက်တာ ဂျိန်းဂန်း နဲ့ ဒေးဗစ်ကော်ရန်ဆွက် တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Superman ဇာတ်ကားသစ်ကို လာမဲ့ဇူလိုင်လမှာ ရုံတင်ပြသဖို့ စီစဉ်ထားတာဖြစ်ပြီး အခုလို တရားစွဲဆိုမှုဟာ နိုင်ငံတကာကို ရုပ်ရှင်ပြသချိန်မှာ ရှုပ်ထွေးစေနိုင်ပါတယ်။
ဒီအတွက် Warner ပြောရေးဆိုခွင့်ရှိသူက “တရားစွဲဆိုမှုကို ကျွန်တော်တို့ သဘောမတူပါဘူး၊ ကျွန်တော်တို့ရဲ့အခွင့်အရေးတွေအတွက် ပြင်းပြင်းထန်ထန် ကာကွယ်သွားပါမယ်” လို့ ပြောကြားခဲ့ပါတယ်။
Source : cnalifestyle.channelnewsasia.com