ချဲလ်ဆီးအသင်းစွမ်းဆောင်ရည်ပိုင်းအပေါ် ကျေနပ်အားရနေတဲ့ ရိုစီနီယာ

ရှုံးပွဲကြုံတွေ့ခဲ့ပေမဲ့ ချဲလ်ဆီးအသင်းစွမ်းဆောင်ရည်ပိုင်းအပေါ် ကျေနပ်အားရနေတဲ့ ရိုစီနီယာ

ချဲလ်ဆီးနည်းပြဘဝ၊ အဖွင့်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပေမဲ့ ရိုစီနီယာကတော့ တစ်ဦးချင်းစွမ်းဆောင်ရည်ပိုင်းအပေါ် မီးမောင်းထိုးကာ သူ့အသင်းရဲ့စွမ်းဆောင်ရည်အတွက် ကျေနပ်အားရနေပါတယ်။ ဒီနေ့မနက်ပိုင်း၊ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်အဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးက အာဆင်နယ်ကိုဧည့်ခံကစားရချိန် ၂-၃ ဂိုးဖြင့် အရေးနိမ့်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ချန်ပီယံလိဂ်စံချိန် ၂ ခု ချိုးဖျက်ခဲ့တဲ့ ချဲလ်ဆီး

အေဂျက်စ်ကိုအနိုင်ရတဲ့ပွဲစဉ်မှာ ချန်ပီယံလိဂ်စံချိန် ၂ ခု ချိုးဖျက်ခဲ့တဲ့ ချဲလ်ဆီး

ကြာသပ‌တေးနေ့နံနက်က အေဂျက်စ်ကို ၅-၁ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးဟာ လူငယ်ကစားသမားအများအပြားကိုပွဲထုတ်ခဲ့ပြီး ချန်ပီယံလိဂ်ရဲ့ စံချိန် ၂ ခုကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ အေဂျက်စ်အနေနဲ့ ယခုပွဲစဉ်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာလာရောက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပွဲအစ ၁၅ မိနစ်မှာပဲ အသင်းခေါင်းဆောင် ကန်းနက်တေလာက တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာကြောင့် ဂိုးပြတ်ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်