တော့တင်ဟမ်နဲ့ပွဲစဉ်မှာ အခွင့်အရေးတွေဖြုန်းတီးခဲ့တဲ့ ဆက်စ်ကိုကို အလန်ရှီးယားဝေဖန်
အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်း အလန်ရှီးယားက စနေနေနေ့က တော့တင်ဟမ်ကို ၂-၂ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အပိုင်အခွင့်အရေးတွေရခဲ့ပေမဲ့ ဖြုန်းတီးပစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုကို ဝေဖန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။

