
ရီးရဲလ်မက်ဒရစ်ကနေထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့ ရိုဒရီဂို
ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ရိုဒရီဂိုဟာ ရာသီကုန်မှာ ဆန်တီယာဂိုဘာနေဗျူးကို စွန့်ခွာပြီး အသင်းသစ်သို့ ပြောင်းရွှေ့အခြေချတော့မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ လက်ရှိလာလီဂါနဲ့ ချန်ပီယံလိဂ်ချန်ပီယံတွေဟာ ဒီရာသီမှာတော့ ပြိုင်ပွဲစုံမှာ ပုံစံကောင်းရဖို့ရုန်းကန်နေရပြီး လာလီဂါဖလားတစ်လုံးသာ မျှော်လင့်ချက်ရှိတော့ပေမဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာသာ ရပ်တည်ထားနိုင်တာဖြစ်ပါတယ်။