
မက်ဂွိုင်းယားရဲ့စာချုပ်ပါ အချက်ကို အသုံးပြုခဲ့ကြောင်း အာမိုရင် အတည်ပြု
ယူနိုက်တက်နည်းပြ အာမိုရင်က မိမိတို့အသင်းဟာ မက်ဂွိုင်းယားရဲ့စာချုပ်ပါအချက်ကို အသုံးပြုပြီး ၁ နှစ်သက်တမ်းတိုးခဲ့ကြောင်း အတည်ပြုလိုက်ပါတယ်။ ယူနိုက်တက်ဟာ မက်ဂွိုင်းယားရဲ့စာချုပ်ထဲမှာ ၁ နှစ်ထပ်မံသက်တမ်းတိုးခွင့်ထည့်သွင်းထားပြီး အခုအဆိုပါ အချက်ကို အသုံးချခဲ့တာဖြစ်ပါတယ်။