
သူ့ရဲ့အောင်ပွဲခံပုံစံကို အတုခိုးခဲ့တဲ့ဟွိုက်လန်းအား အပြစ်တင်ခြင်းမရှိတဲ့ ရော်နယ်ဒို
ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုက ဒိန်းမတ်ကိုရှုံးနိမ့်ခဲ့တဲ့ နေရှင်းလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ပြိုင်ဘက်တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းဟာ ဂိုးသွင်းယူပြီးနောက် သူ့ရဲ့ပုံစံအတိုင်း အောင်ပွဲခံခဲ့ပေမဲ့ အပြစ်တင်ခြင်းမရှိဘဲ ဝမ်းသာတယ်လို့ ဆိုပါတယ်။