
အာဆင်နယ် အသင်း ရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှု အပေါ် ချီးကျူးလိုက်တဲ့ ဖာဒီနန်
အာဆင်နယ်အသင်းဟာ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်မှာ ချဲလ်ဆီးအသင်း ရဲ့တောင်ပံကစားသမား စတာလင် ကို တစ်ရာသီ အငှားနဲ့ စာချုပ်ချုပ်ခေါ်ယူ နိုင်ခဲ့ပါတယ်။ စတာလင် ဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ရာ လစာ လျော့ယူဖို့ ဆုံးဖြတ်ခဲ့သလို ဆော်ဒီကလပ် အသင်းတစ်သင်း ရဲ့ မက်လောက်စရာ ကမ်းလှမ်းမှုကိုလည်း ငြင်းဆန်ပယ်ချခဲ့ပါတယ်။