အာဖရိကဖလားကာလအတွင်း ယူနိုက်တက်အသင်း ရုန်းကန်ရနိုင်တယ်လို့ အာမိုရင်ဝန်ခံ
ယူနိုက်တက် နည်းပြ ရူဘင်အာမိုရင်က ဒီနှစ်နှောင်းပိုင်းမှာကျင်းပမဲ့ အာဖရိကဖလားပြိုင်ပွဲအတွက် အဓိကကစားသမားတွေ ထွက်ခွာသွားတဲ့အခါ အသင်းအနေနဲ့ ရုန်းကန်ရနိုင်တယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်စဉ် သုံးပွဲဆက်အနိုင်ရထားပြီး ဒီအပတ်မှာ နော်တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

