ယော်ကရက်စ်ကို ပွဲထွက်လူစာရင်းမှချန်လှပ်သင့်

ယော်ကရက်စ်ကို ပွဲထွက်လူစာရင်းမှချန်လှပ်သင့်ကြောင်း ထောက်ပြလာတဲ့ ကာရေဂါ

လီဗာပူးနောက်ခံကစားသမားဟောင်း ဂျေမီကာရေဂါက အာဆင်နယ်အနေနဲ့ အသင်းရဲ့တိုက်စစ်မှာ ဗစ်တာယော်ကရက်စ်ကို ချန်လှပ်ပြီး ကိုင်ဟားဗက်ဇ် ဒါမှမဟုတ် ဂါဘရီရယ်ဂျီးဆပ်ကို ပွဲထုတ်သင့်ကြောင်း ထောက်ပြပြောဆိုလာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ယောကရက်စ် ခြေစွမ်းပြနိုင်မဲ့အချိန်

ယောကရက်စ် ဘယ်အချိန်မှာ ခြေစွမ်းပြနိုင်မလဲဆိုတာ ဟောကိန်းထုတ်လိုက်တဲ့ အာတီတာ

မီကယ်အာတီတာက ဗစ်တာယောကရက်စ်ဟာ အာဆင်နယ်ရဲ့ ဒုတိယရာသီဝက်မှာ ခြေစွမ်းပိုကောင်းလာမှာဖြစ်ပေမဲ့ အသင်းဖော်တွေက ဆွီဒင်သားအပေါ် ပိုပြီးနားလည်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အပြည့်အစုံဖတ်ရန်
ယောကရက်စ်ကို မဝေဖန်သင့် - အာတီတာပြော

ရုန်းကန်နေရတဲ့ ယောကရက်စ်ကို မဝေဖန်သင့်ဘူးလို့ အာတီတာပြောကြား

အာဆင်နယ်နည်းပြ မီကယ်အာတီတာက ပေါင် ၆၄ သန်းတန် တိုက်စစ်မှူး ဗစ်တာယောကရက်စ် ဂိုးသွင်းနိုင်ဖို့ လိုအပ်နေတယ်လို့ ဝန်ခံခဲ့ပေမဲ့ ဝေဖန်သူတွေကို သူ့ကို တစ်ယောက်တည်းထားလိုက်ပါလို့ ပြောကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ယောကရက်စ်ရဲ့ဒဏ်ရာပြဿနာ

ယောကရက်စ်ရဲ့ဒဏ်ရာပြဿနာအပေါ် စိုးရိမ်နေတဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီကယ်အာတီတာက တိုက်စစ်မှူး ဗစ်တာယောကရက်စ် ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ် လို့ ပြောကြားလိုက်ပါတယ်။ဆွီဒင်တိုက်စစ်မှူးဟာ စနေနေ့က ဘန်လေကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီးနောက် တနင်္လာနေ့မှာ လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့ပါဘူး။

အပြည့်အစုံဖတ်ရန်
ရီးရဲလ်မက်ဒရစ်တွင် နှစ်ပေါင်းများစွာနေမည့် အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်တွင် နှစ်ပေါင်းများစွာနေမည်ဟု အမ်ဘာ ပေကတိပြု

ပြင်သစ်တိုက်စစ်မှူး ကီလီယန်အမ်ဘာပေဟာ ၂၀၂၄-၂၅ ရာသီအတွက် ဥရောပရွှေဖိနပ်ဆုကို လက်ခံရယူပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းမှာ နှစ်ပေါင်းများစွာ ဆက်လက်နေထိုင်ချင်ကြောင်း ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ယောကရက်စ်ကို သတိပေးလိုက်တဲ့ အာတီတာ

ဖိအားတွေနဲ့ပတ်သက်ပြီး ယောကရက်စ်ကို သတိပေးလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီကယ်အာတီတာက ဗစ်တာယောကရက်စ်ကို အသင်းရဲ့နံပါတ် ၉ ဂျာစီကိုဝတ်ဆင်ထားတဲ့အတွက် ကြီးမားတဲ့ဖိအားတွေရှိနေတယ်ဆိုတာကို သတိပေးခဲ့ပါတယ်။ ဆွီဒင်တိုက်စစ်မှူးဟာ ၆ ပွဲဆက်ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပေမဲ့ အာတီတာက တိုက်စစ်မှူးရဲ့ခြေစွမ်းအတွက် မစိုးရိမ်ဘူးလို့ဆိုပါတယ်။

အပြည့်အစုံဖတ်ရန်
အာဆင်နယ်စတားယိုကရက်စ်

ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ အာဆင်နယ်စတားယိုကရက်စ်

အာဆင်နယ်အသင်းတိုက်စစ်မှူး ယိုကရက်စ်က လန်ဒန်မြေကိုပြောင်းရွှေ့လာခဲ့တဲ့အပေါ် ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လိုက်ပြီး စပို့တင်းကို မလေးစားသလို မလုပ်ခဲ့ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ ယိုကရက်စ်ဟာ အခုနွေရာသီမှာ စပို့တင်းထံကနေ အာဆင်နယ်ထံပြောင်းရွှေ့ခွင့်ရဖို့ အတော်လေးစောင့်ဆိုင်းခဲ့ရသလို တွန်းအားပေးခဲ့ရတာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ရောကရက်စ်ကို ချီးကျူးလိုက်တဲ့ ရိုနယ်ဒို

အာဆင်နယ်သို့ ပြောင်းရွှေ့ခဲ့တဲ့ ရောကရက်စ်ကို ထူးခြားတဲ့ကစားသမားလို့ ချီးကျူးလိုက်တဲ့ ရိုနယ်ဒို

ခရစ္စတီယာနို ရိုနယ်ဒိုက တိုက်စစ်မှူး ဗစ်တာ ရောကရက်စ်ကို ယခုနွေရာသီတွင် အာဆင်နယ်သို့ ပြောင်းရွှေ့ပြီးနောက် ထူးခြားတဲ့ကစားသမား လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။ ရောကရက်စ်ဟာ ပွဲထွက်ကစားမှု၊ ဂိုးသွင်းယူမှုနှင့် ဂိုးဖန်တီးမှုတို့နှင့် ပတ်သက်တဲ့ အပိုဆုကြေးများပါဝင်တဲ့ ပေါင် ၆၄ သန်း (ယူရို ၇၄ သန်း ၊ ဒေါ်လာ ၈၆ သန်း) တန်ဖိုးရှိတဲ့ ပြောင်းရွှေ့ကြေးဖြင့် ဂန်နာတို့ထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပါတယ်။ တိုက်စစ်မှူးဟာ စပို့တင်းတွင် ၅၄ ဂိုး သွင်းယူခဲ့တဲ့ အောင်မြင်သော ရာသီတစ်ခုပြီးနောက် အပြောင်းအရွှေ့ဈေးကွက်တွင် ခေါ်ယူလိုတဲ့ အသင်းတွေ များပြားခဲ့တာ ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဂျိုကာရက်စ်

ဂျိုကာရက်စ်ကို စင်္ကာပူသို့ရောက်ရှိနေတဲ့ အသင်းလူစာရင်းနဲ့ တစ်ခါတည်းပူးပေါင်းခိုင်းသွားမဲ့ အာဆင်နယ်

အာဆင်နယ်ဟာ စပို့တင်းတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဆေးစစ်ပြီးတာနဲ့တစ်ပြိုင်နက် စင်္ကာပူသို့ရာသီကြိုခရီးစဉ်ထွက်ခွာသွားတဲ့ အသင်းရဲ့လူစာရင်းနဲ့ ချက်ချင်းပူးပေါင်းခိုင်းဖို့စီစဉ်ထားတယ်လို့သိရပါတယ်။

အပြည့်အစုံဖတ်ရန်
စပို့တင်းတိုက်စစ်မှူး ယိုကရက်စ်

ပရီးမီးယားလိဂ်ပြန်လာနိုင်ချေနဲ့ပတ်သက်ပြီး ဖွင့်ဟပြောကြားလာတဲ့ စပို့တင်းစတား

အာဆင်နယ်အသင်းက ပစ်မှတ်ထားနေတဲ့ စပို့တင်းတိုက်စစ်မှူး ယိုကရက်စ်ကတော့ ပရီးမီးယားလိဂ်ပြန်လာနိုင်ချေနဲ့ပတ်သက်ပြီး ဖွင့်ဟပြောကြားလိုက်ပါတယ်။ အခုနွေရာသီမှာ အာဆင်နယ် နဲ့ ယိုကရက်စ်တို့ကြားအပြောင်းအရွှေ့ဇာတ်လမ်းက သတင်းခေါင်းစဉ်အဖြစ် နေရာယူနေဆဲဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်