ပွဲကြိုအစီအမံအကြောင်း အန်းစလော့ ရှင်းပြ

စူပါစတားနှစ်ဦးကို ပစ်မှတ်ထားချဉ်းကပ်ခဲ့တဲ့ ပွဲကြိုအစီအမံအကြောင်း အန်းစလော့ ရှင်းပြ

အန်းစလော့က ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်အတွက် နောက်ထပ်ရှုံးပွဲကြုံတွေ့စေခဲ့တဲ့ လီဗာပူးရဲ့ပွဲကြိုအစီအမံအကြောင်းကို ရှင်းပြခဲ့ပါတယ်။ အင်္ဂါညပိုင်း၊ အန်ဖီးလ်ကွင်းမှာ စပိန်ဘီလူးကြီးကို ကြိုးကြာနီတွေက ဆိုဘိုဆလိုင်းရဲ့ဖရီးကစ်မှတဆင့် မက်အယ်လစ္စတာရဲ့ပွဲချိန် ၆၁ မိနစ်ခေါင်းတိုက်ဂိုးဖြင့် ၁-၀ ဂိုးဆိုတဲ့ရလဒ်နဲ့အတူ အနိုင်ယူခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရီးရဲလ်မက်ဒရစ်တွင် နှစ်ပေါင်းများစွာနေမည့် အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်တွင် နှစ်ပေါင်းများစွာနေမည်ဟု အမ်ဘာ ပေကတိပြု

ပြင်သစ်တိုက်စစ်မှူး ကီလီယန်အမ်ဘာပေဟာ ၂၀၂၄-၂၅ ရာသီအတွက် ဥရောပရွှေဖိနပ်ဆုကို လက်ခံရယူပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းမှာ နှစ်ပေါင်းများစွာ ဆက်လက်နေထိုင်ချင်ကြောင်း ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဟာလန်း နဲ့ ဘာပေ၂ ဦးထဲက ၁ ဦးကိုရွေးချယ်လိုက်တဲ့ ဒွန်နာရမ်မာ

ထိပ်တန်းတိုက်စစ်မှူး၂ ဦးထဲက ၁ ဦးကိုရွေးချယ်လိုက်တဲ့ ဒွန်နာရမ်မာ

မန်စီးတီးဂိုးသမား ဒွန်နာရမ်မာက ဟာလန်း နဲ့ ဘာပေတို့ကြား အကောင်းဆုံးတစ်ဦးကို ရွေးချယ်လိုက်ပါတယ်။ အီတလီသားဟာ ပီအက်စ်ဂျီမှာ ဘာပေနဲ့လက်တွဲခဲ့ဖူးသလို အခုလည်း စီးတီးနဲ့အတူ ဟာလန်းနဲ့လက်ရှိတွဲကစားနေတာဖြစ်ပါတယ်။ Daily Mail နဲ့အင်တာဗျူးမှာ အသက် ၂၅ နှစ်သားက တားဆီးရခက်ခဲတဲ့ကန်ချက်နဲ့ပတ်သက်ပြီး ဘာပေ နဲ့ ဟာလန်းတို့ကြား ရွေးချယ်မှုကို ဖြေကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ရီးရဲလ်မက်ဒရစ်ကို တိုက်တွန်းလိုက်တဲ့ ကီလီယန်အမ်ဘာပေ

အယ်လ်ကလက်စီကိုနိုင်ပွဲရယူရန် ရီးရဲလ်မက်ဒရစ်ကို တိုက်တွန်းလိုက်တဲ့ ကီလီယန်အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်အသင်းဟာ တနင်္ဂနွေနေ့မှာ ဘာစီလိုနာအသင်းနဲ့ကစားမဲ့ အရေးပါတဲ့ပွဲစဉ်ကို အနိုင်ရရှိခဲ့မယ်ဆိုရင် လာလီဂါအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ၅ မှတ်အထိဖြတ်ပြီး ဦးဆောင်နိုင်မှာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်အမ်ဘာပေက စပိန်မြို့တော်ကိုပြောင်းရွှေ့ခဲ့ပြီးနောက် ဘာစီလိုနာအသင်းကို ပထမဆုံးအကြိမ်အနိုင်ရရှိဖို့ ကြိုးစားနေပါတယ်။ အမ်ဘာပေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ နည်းပြ ဟန်စီဖလစ်ခ်ရဲ့ပွဲဦးထွက်ရာသီမှာ ဘာစီလိုနာအသင်းကို ၄ ကြိမ်ရှုံးနိမ့်ခဲ့တာကြောင့် အဲဒီရာသီမှာ ပြည်တွင်းဖလား ၃ လုံးကို ဘာစီလိုနာအသင်းက ရရှိခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
အသင်းဖော်စတား၂ ဦးကို ချီးကျူးလိုက်တဲ့ အလွန်ဆို

ဂျူဗင်တပ် တပ်စ်ကိုအနိုင်ရပြီးနောက် အသင်းဖော်စတား၂ ဦးကို ချီးကျူးလိုက်တဲ့ အလွန်ဆို

ရီးရဲလ်နည်းပြ အလွန်ဆိုက ဂျူဗင်တပ်စ်ကို ၁-၀ နဲ့အနိုင်ရပြီးနောက် အာဒါဂူလာ နဲ့ ဘယ်လင်ဟမ်တို့ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပါတယ်။ ဘယ်လင်ဟမ်ဟာ ဒဏ်ရာကနေပြန်လာပြီးနောက် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အလွန်ဆိုက ခံစစ်ပိုင်းကြံ့ခိုင်မှု နဲ့ လာမဲ့အယ်လ်ကလက်ဆီကိုပွဲအတွက်ပါ ပြောကြားလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
ရီးရဲလ်စတား ဟာဂျယ်ဆန်

အယ်လ်ကလက်ဆီကိုပွဲကို လွဲချော်နိုင်ချေများနေတဲ့ ရီးရဲလ်စတား ဟာဂျယ်ဆန်

သတင်းတွေအရ ရီးရဲလ်အသင်းနောက်ခံလူ ဟာဂျယ်ဆန်တစ်ယောက် လာမဲ့အယ်လ်ကလက်ဆီပွဲကို လွဲချော်နိုင်ချေများနေတယ်လို့ သိရပါတယ်။ အသက် ၂၀ အရွယ်ကစားသမားဟာ ဗီလာရီးရဲလ်နဲ့ပွဲမှာ ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကြံ့ခိုင်မှုပြည့်ဝဖို့ လုပ်ဆောင်နေရပါတယ်။ အဓိကနောက်ခံလူတွေဖြစ်တဲ့ ကာဗာဂျယ် နဲ့ အာနိုးလ်တို့ဒဏ်ရာရနေချိန်မှာ အခုဟာဂျယ်ဆန်ပါထပ်မံဒဏ်ရာရခဲ့တာကြောင့် ရီးရဲလ်အတွက် ခက်ခဲတော့မှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
ဘယ်လင်ဟမ်ကိုပစ်မှတ်ထားလာတဲ့ ယူနိုက်တက်

ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဟမ်ကိုပစ်မှတ်ထားလာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ကွင်းလယ်ပိုင်းကို ထပ်မံအင်အားဖြည့်တင်းဖို့အတွက် အာရုံစိုက်နေတာကြောင့် ယခုအခါမှာ ဂျုဒ်ဘယ်လင်ဟမ်ရဲ့ညီဖြစ်သူ ဒေါ့မွန်ကွင်းလယ်လူ ဂျို့ဘ်ဘယ်လင်ဟမ်ကိုခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ အမ်မိုရင်

လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်ထက် လက်ဦးမှုရယူကာ ကစားသမားတစ်ဦးကို ခေါ်ယူပေးဖို့ ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ အမ်မိုရင်

ရာသီအစမှာ ဆိုးရွားတဲ့ရလဒ်တွေကြောင့် လိဂ်တူးအဆင့် ကလပ် ဂရင်းဘီတောင်း ကို လိဂ်ဖလား မှာ ရှုံးနိမ့်ခဲ့တဲ့ ရှက်စရာပွဲပါ အပါအဝင် အခြေအနေတွေကြောင့် နည်းပြ ရူဘင်အမ်မိုရင်ရဲ့ ယူနိုက်တက်နည်းပြ ရာထူး အနာဂတ်အတွက် ထင်ကြေးပေးမှုတွေ မြင့်တက်နေပါတယ်။

အပြည့်အစုံဖတ်ရန်
ယာမယ်လ်ကို ကာကွယ်ပေးခဲ့တဲ့ အမ်ဘာပေ

ပြိုင်ဘက် ယာမယ်လ်ကို မီဒီယာဝေဖန်မှုတွေကနေ ကာကွယ်ပေးခဲ့တဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ကီလီယန်အမ်ဘာပေက ပြိုင်ဘက် ဘာစီလိုနာကစားသမား လမိုင်းယာမယ်လ်အတွက် ကာကွယ်ပြောဆိုပေးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန်
တိုက်စစ်မှူး အမ်ဘာပေ

ဘယ်အသင်းနဲ့တွေ့တွေ့ ဂိုးသွင်းနိုင်ပါတယ်လို့ ပြောကြားလိုက်တဲ့ တိုက်စစ်မှူး အမ်ဘာပေ

နိုင်ငံအသင်းအတွက် ထာဝရဂိုးအများဆုံးသွင်းသူဖြစ်လာဖို့ ၆ ဂိုးသာ လိုအပ်တော့တဲ့ ကီလီယန် အမ်ဘာပေက သောကြာနေ့မှာ ကစားမဲ့ ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အဇာဘိုင်ဂျန်နဲ့ပွဲ) မတိုင်ခင်မှာ “ဘယ်အသင်းနဲ့တွေ့တွေ့ ဂိုးသွင်းနိုင်တယ်” လို့ ယုံကြည်ချက်ရှိရှိ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်က လာလီဂါမှာ ရီးရဲလ် မက်ဒရစ်က ဗီလာရီးရဲလ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ခြေကျင်းဝတ်မှာ သာမန်ဒဏ်ရာအသေးစား ရရှိခဲ့တာကြောင့် ဒီပွဲကို သူပါဝင်ကစားနိုင်ဖို့ကတော့ မသေချာသေးပါဘူး။

အပြည့်အစုံဖတ်ရန်